Zawgyi
သရုပ်ဆောင်ကြမယ်
မမျှော်လင့်ထားတဲ့ ဖုန်းတစ်ကောလ်ကို လက်ခံရရှိခဲ့ပေမယ့် ကုဝေက တည်တည်ငြိမ်ငြိမ်ပဲ တုံ့ပြန်လိုက်တယ်:
"အကြောင်းပြချက်က"ယွီဖေး : "ကျွန်တော့်မိဘတွေက ခင်ဗျားနဲ့ တွေ့ချင်နေတယ်"
ကုဝေက မငြင်းဆန်ခဲ့ဘူး :
"ရတာပေါ့""ကျွန်တော့်ကို လာခေါ်စေချင်လား?"
ကုဝေက တုံ့ဆိုင်းနေမယ်လို့ ထင်ခဲ့ပေမယ့် ဒီလိုမျိုး မြန်မြန်ဆန်ဆန် သဘောတူလိမ့်မယ်လို့တော့ မမျှော်လင့်ထားခဲ့ဘူး။ ဒါကြောင့်မို့ ယွီဖေးက အလွန်ရင်းနှီးစွာနဲ့ အကြံပြုလိုက်တယ်။ကုဝေကတော့ လက်မခံခဲ့ဘူး : "မလိုဘူးရတယ် မင်းရဲ့လိပ်စာကိုသာ ထန်းယွီကို ပေးထားလိုက်ပါ"
"အိုခေ" အငြင်းခံလိုက်ရပေမယ့် ယွီဖေးက စိတ်ဓာတ်ကျမသွားဘူး။
ကုသခင်လေးက သူတို့အိမ်ကို ညစာလာစားမယ်လို့ကြားတော့ ဒါသူတို့ရဲ့ ပထမဆုံးတွေ့ဆုံခြင်း ဖြစ်လိမ့်မယ် : ယွီဖေဖေက လေးနက်စွာနဲ့ ကျန်တဲ့ကလေးနှစ်ယောက်ကို အိမ်ပြန်လာဖို့ လှမ်းခေါ်ခဲ့တယ်။ ယွီမိသားစုက ယွီဖေးရဲ့ အနာဂတ်လက်တွဲဖော် ရောက်အလာကို ဧည့်ခန်းထဲမှာ ငြိမ်ငြိမ်သက်သက် ထိုင်စောင့်နေကြတယ်။
ည၇နာရီထိုးတဲ့အချိန်ထိ တစ်ယောက်တစ်လေကမှ အိမ်တံခါးကို လာမခေါက်သေးဘူး။ ယွီလော်က အရမ်းဗိုက်ဆာနေပြီ ဖြစ်တာကြောင့် သူထုတ်ပြောလိုက်တော့တယ်
"အကိုကြီး သူရောက်ခါနီးပြီလားလို့ လှမ်းမေးလိုက်ပါလား?"ယွီဖေးက သူ့ဖုန်းနဲ့ ဂိမ်းကစားနေရင်း ယွီလော်ရဲ့ စကားကိုကြားတော့ အပေါ်မော့ကြည့်လိုက်တဲ့အခါ တစ်မိသားစုလုံးက သူ့ကိုငေးကြည့်နေကြတာကို တွေ့လိုက်ရတယ်။ ဒါကြောင့်သူက ပြန်ဖြေလိုက်တယ်
"အာ ကျွန်တော်သူ့ကို ဖုန်းခေါ်လိုက်ပါ့မယ်"သိပ်မကြာခင်မှာပဲ ဖုန်းဝင်သွားပြီး တစ်မိသားစုလုံးရဲ့ အကြည့်တွေအောက်ကနေ ယွီဖေးက ဖုန်းပြန်ဖြေလိုက်ရတယ် :
"ခင်ဗျားရောက်တော့မှာလား?"
YOU ARE READING
Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်း
FantasyBoth Zawgyi and Unicode.