Zawgyi
မွေးနေ့လက်ဆောင်
ယွီဖေးက ကုဝေကိုကြည့်ပြီး မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်တယ်။
အမည်မသိ အကြောင်းပြချက် တစ်ချို့ကြောင့် ကုဝေဟာ မနေ့က မှတ်ဉာဏ်တွေ ပျောက်သွားတဲ့ ယွီဖေးနဲ့ နီးကပ်လိုတဲ့ စိတ်ဆန္ဒ လုံးဝမဖြစ်ပေါ်လာဘူး။ ထိုကောင်လေးဟာ မနေ့တုန်းက လုံးဝကို သူစိမ်းတစ်ယောက်လိုပဲ။ ဒါပေမယ့် ကုဝေကတော့ စိတ်မရှည်ဖြစ်ပြီး ကသိကအောက် ဖြစ်တာကလွဲရင် သူဘာမှ မလုပ်နိုင်ခဲ့ဘူး။
ဒါပေမယ့် ဒီနေ့ရဲ့ ယွီဖေးကတော့ သူ့ကိုမမှတ်မိဘူး ဆိုပေမယ့်လည်း ရှင်းမပြနိုင်စွာပဲ သူ့pheromoneတွေကတော့ တည်ငြိမ်နေတယ်။
အထက်စီးဆန်တဲ့ ထင်းရှူးရနံ့တွေဟာ လေထုထဲမှာ ပြန့်နှံ့လာပြီး တစ်ဖက်လူရဲ့ အားနည်းနေတဲ့ pheromoneတွေကို နှစ်သိမ့်ပေးနေတယ်။ ကုဝေကို ယွီဖေးကိုကြည့်ကာ ကိုယ်ကိုကိုင်းရင်း ဖြည်းဖြည်းချင်း အနားတိုးလာတယ်။
သူတို့ရဲ့ နှုတ်ခမ်းတွေ အချင်းချင်း ထိတွေ့သွားခါမှ ယွီဖေးရဲ့ မျက်လုံးတွေ ပြူးကျယ်သွားပြီး ပြန်တုံ့ပြန်နိုင်တော့တယ်။ ဒီအနမ်းက ဘာအတွက်လဲ?
"ကိုယ်တို့က လက်ထပ်ပြီးပြီ ကိုယ်ကမင်းရဲ့ ယောက်ျားပဲ"
ကုဝေက ကိုယ်ကိုပြန်မတ်လိုက်ပြီး အောက်နှုတ်ခမ်းကို တစ်ချက်သပ်ကာ ယွီဖေးရဲ့ အသိမဲ့နေတဲ့ အမူအရာကိုကြည့်နေရင်း ရုတ်တရက် ဒီရက်ပိုင်းအတွင်းရဲ့ ပထမဆုံး အပြုံးလေးကို သူ့နှုတ်ခမ်းပေါ်မှာ လှစ်ဟပြလာတော့တယ်။
"အဆင်ပြေပါတယ် မင်းရဲ့မှတ်ဉာဏ်တွေကို ဖြည်းဖြည်းချင်း စဉ်းစားပေါ့ ပြန်မှတ်မိလာပါလိမ့်မယ်"
ယွီဖေး : "..."
သူ ဒီဇာတ်ကြောင်းကို မဖတ်ဖူးသလိုပဲ?!
သူ့နှုတ်ခမ်းတွေပေါ်မှာ အထိအတွေ့တွေက ထင်ထင်ရှားရှား ကျန်နေခဲ့သေးတာကြောင့် ယွီဖေးဟာ လက်မြှောက်ပြီး သူ့နှုတ်ခမ်းကို သုတ်ပစ်ဖို့ ပြင်လိုက်ပေမယ့် သူ့လက်ကို လှုပ်လိုက်တာနဲ့ လက်ကောက်ဝတ်မှာ စူးရှနေတဲ့ နာကျင်မှုကို ခံစားလိုက်ရတယ်။
YOU ARE READING
Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်း
FantasyBoth Zawgyi and Unicode.