Chapter 16

25.2K 4.1K 165
                                    

Zawgyi

ဧည့်ခံပွဲ

မကြာခင်မှာပဲ သူတို့က ဧည့်ခံပွဲ ကျင်းပတဲ့ ဟိုတယ်ဆီ ရောက်လာကြတယ်။ ယွီဖေးက ကုဝေနောက်လိုက်ပြီး ဧည့်ခံပွဲ ခန်းမကြီးထဲကို ဝင်သွားတဲ့ အချိန်မှာ ထန်းယွီကတော့ ဒရိုင်ဘာနဲ့ ကားထဲမှာပဲ နေခဲ့တယ်။

ယွီဖေးက သူအထင်မှားနေတာလားတော့ မသိပေမယ့် သူကုဝေနောက်ကနေ ခန်းမကြီးထဲကို ဝင်လာတော့ စကားတွေ အားတက်သရော ပြောနေကြတဲ့ လူစုလူဝေးကြီးက တစ်ခဏမျှ ငြိမ်သက်သွားကြတာကို သူသတိထားမိလိုက်တယ်။ ဒါပေမယ့် ထိုအဖြစ်အပျက်က ခဏသာဖြစ်ပြီး လူတိုင်းက ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြတယ်။

ကုဝေကတော့ မျက်လုံးတစ်ချက်တောင် ဝင့်မကြည့်ဘဲ ခန်းမကြီးရဲ့ အလယ်ကို တည့်တည့်သွားနေတယ်။

ယွီဖေးကတော့ အောက်နှုတ်ခမ်းလေးကို သာသာဖိကိုက်လိုက်ပြီး ကုဝေနောက်ကို ဆက်လိုက်သွားလိုက်တယ်။

ခန်းမကြီးရဲ့ ထောင့်တစ်နေရာမှာ လှတပတ ကောင်လေးတစ်ယောက်က ခန်းမထဲဝင်လာတဲ့ လူ၂ယောက်ကို စိုက်ကြည့်နေပြီး သူ့ဘယ်ဘက်နားက နားကပ်လေးက ခန်းမကြီးရဲ့ အလင်းရောင်အောက်မှာ တလက်လက် တောက်ပနေတယ်။ အရှိန်အဝါကြောင့်လားတော့ မသိပေမယ့် ထို၂ယောက်ကိုကြည့်ရတာ မင်းမှာငါရှိသလို ငါ့မှာလည်း မင်းပဲရှိတယ် ဆိုတဲ့အတိုင်း ဘေးလူတွေ ကြားဝင်လို့မရအောင်ကို လိုက်ဖက်ညီတဲ့ စုံတွဲလိုဖြစ်နေတယ်။

သူ့ပါတနာက betaတစ်ယောက်လား? ကောင်လေးက သူ့နှလုံးသားထဲကနေ လှောင်ရယ်လိုက်တယ်။

"တတိယအကိုကု မင်းလည်းဒီရောက်နေတာပဲ"

"တတိယအကိုကြီး"

"တတိယအကို မတွေ့ရတာ ကြာပြီနော်"

.....

ကုဝေခန်းမအလယ်ကို ရောက်တာနဲ့ သူ့ဘေးပတ်လည်မှာ တစ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြတော့တယ်။ ကုဝေကတော့ ခေါင်းသာညိမ့်ပြပြီး ဘယ်သူ့ကိုမှ ရပ်မနှုတ်ဆက်ဘဲ အကုန်လုံးကို ဖြတ်ကျော်သွားတယ်။

ယွီဖေးကတော့ ဒီမြင်ကွင်းကို အသစ်အဆန်းလို ကြည့်နေခဲ့တယ်။

Betaအတုရဲ့ကိုယ်ထဲကူးပြောင်းပြီးနောက်အကိုက်ခံလိုက်ရခြင်းWhere stories live. Discover now