Part 1

603 37 4
                                    

မိုးသည်းသည်း ဇွန်လလည် ညတစ်ည လပ်ဗီးဂတ်၏ လမ်းသွယ်ထဲတွင် လူအရိပ်များက ပြေးလွှားနေလျက်..။

သေနတ်သံတို့ တစ်ချက် တစ်ချက်ထွက်ပေါ်လာသော်လည်း အိမ်ထဲမှ မည်သူမှ ထွက်ကြည့်ကြခြင်းမရှိ

ဒီလိုကိစ္စရပ်ဆိုတာ ထူးဆန်းမနေသလို မကြာခဏ ဖြစ်နေကျပင်...။

ဂိုဏ်းအချင်းချင်း ပြသာနာတက်သည့်အခါများ ရှိသလို..

ကာစီနိုအချင်းချင်း ဧည့်သည်လုရာမှ ဖြစ်လာတတ်တဲ့ မီးစတွေ

နောက်ပြီး ရဲတွေနဲ့ရင်ဆိုင်တိုက်ပွဲများ စသည်ဖြင့် အမှုတွေက မရေမတွက်နိုင်အောင် များပြားရှုပ်ထွေးလှသည်။

" Alphaမှ ဌာနချုပ်သို့
Alphaမှ ဌာနချုပ်သို့

ဖေးချောင်နဲ့သူ့အဖွဲ့တွေ ပုန်းအောင်းနေတဲ့တိုက်ကို ဝင်စီးခွင့်ပေးပါ "

ပခုံးနားရှိ စကားပြောစက်မှတဆင့် ဌာနချုပ်သို့လှမ်းဆက်သွယ်လိုက်ပေမယ့် မျက်လုံးက ပတ်ဝန်းကျင်မှာ အပြည့်အဝ လှုပ်ရှားနေသည်မှာ တစ်စက္ကန့်တောင် အငြိမ်မနေ...။

" ဌာနချုပ်မှ Alpha...
ခွင့်ပြုပါတယ်..good luck alpha "

အသံဆုံးသွားသည်နှင့် ဆယ်ယောက်ခန့်ရှိသော အထူးအဖွဲ့သည် နှစ်ယောက်တစ်တွဲတွဲရင်း မှောင်မည်းနေသော တိုက်အတွင်းသို့ ဝင်သွားကြပြီ ဖြစ်သည်။

မူးယစ်ရာဇာတစ်ယောက်ဖြစ်ရုံသာမက နိုင်ငံတစ်ချို့ကပါအလိုရှိနေသည့် ဖေးချောင်၏ ပုန်းအောင်းရာအသိုက်ကို ဆယ်ရက်မက စုံစမ်းခဲ့ရပြီး ထွက်မပြေးနိုင်ခင် အမိဖမ်းကြတော့မည်ဖြစ်သည်။

" Second floor clear...."

" Third floor clear...."

" ကပ္ပတိန် ကျွန်တော်တို့ ဇွတ်ဝင်ကြမလား..."

" ခနစောင့် အရမ်းတိတ်ဆိတ်လွန်းနေတယ် "

လေသံသာသာအသံပေမယ့် ထိုအသံထဲမှာ ဩဇာအပြည့်။

လေးထပ်မြောက်အထပ်ရှိ အခန်းတစ်ခုထဲတွင်တော့ ဖေးချောင်နှင့်အတူ လူသုံးဆယ်ခန့်က လက်နက်အပြည့်အစုံနှင့် စောင့်ဆိုင်းနေသည်

Home ( U+Z )Where stories live. Discover now