Part -7

186 30 6
                                    

မီးရောင်စုံရောက်မှာ လူငယ်တွေက ကိုယ်ကို တွန့်လိန်ကောက်ကွေးနေကြသည်။ တစ်ယောက်ထဲ တွန့်လိန်နေတာလဲ ရှိပေမယ့် တစ်ယောက်ခါးကို တစ်ယောက်ဖက်ရင်း တွန့်လိန်နေကြသူများလဲရှိသည်။

အသက်မပြည့်သေးသူ ထင်၍ အပေါက်ဝမှာ မှတ်ပုံတင်တွေပါ ထုတ်ပြလိုက်ရသေးသည်။ ပဲတွေအပြတ်များပြီး ရွှိုင်းထားပေမယ့် ဂျွန်မြောင်က အသက်ပြည့်ခါစ ကလေးလေးနဲ့တူနေတုံးပင်။

ကလပ်ရောက်ရင် ကွေးနေအောင်ကမယ်တွေးထားပေမယ့် တကယ်တမ်းကျ ခုံလေးပေါ်ငြိမ်ငြိမ်လေးထိုင်ရင်း ခေါင်းတညိမ့်ညိမ့်။ ဦးလေးကြီးမှာပေးထားတဲ့ အယ်ကိုဟောလ် ပမာဏနည်းနည်းနဲ့ အရည်တွေသာ ဖြည်းဖြည်းချင်းသောက်နေမိသည်။

ဦးလေးကြီးကတော့ သောက်စရာမှာပေးပြီးတာနဲ့ ဘယ်ပျောက်သွားမှန်းတောင်မသိရ။

တွေ့ပါပြီ... dancing floorမှာ ကောင်မလေးတွေကြားထဲ စီးချက်နဲ့အညီ ကနေတဲ့ ဦးလေးကြီး...

မဆိုးဘူးပဲ...ကတတ်ပေမယ့် ဂျွန်မြောင်က ပိုကြည့်ကောင်းတယ်လေ အဟင်းးး

ဂျွန်မြောင်လို ရှိုးအပြည့်မဟုတ်ဘဲ ရေချိုးပြီးတာနဲ့ ကလပ်တန်းလာတာမို့ ဦးလေးကြီးဆံပင်တို့က ခပ်ဖွာဖွာ...အနက်ရောင်တီရှပ်လက်တိုအောက်က လက်မောင်းအိုးဖြူဖြူတုတ်တုတ်တို့က ကျစ်ကျစ်လျစ်လျစ်။

ဂျင်းဘောင်းဘီအကပ်ကြောင့် တောင့်တင်းနေတဲ့ပေါင်တွေက အထင်းသား။

" တစ်ယောက်ထဲလား ကောင်လေး "

သူ့ထက်အနည်းငယ်ကြီးဟန်ပေါက်သည့် အမျိုးသမီးက သူ့နားထိုင်ရင်း မေးလာသည်။

" အသိတစ်ယောက်ပါပါတယ် "

" ကမလား..မင်းဒီမှာထိုင်ရင်းငေးနေတာတွေ့လို့လေ "

ရေမွှေးနံ့ပြင်းပြင်းနဲ့ ထိုအမျိုးသမီးက အနီရဲရဲကိုယ်ကြပ်ဂါဝန်ကို ပေါင်ရင်းနားထိ ခွဲဝတ်ထားသည်။ ရုပ်ရည်ကလည်း အတော်ကြည့်ကောင်းသေးသည်...။

" လာပါ သွားကရအောင် "

" ကျွန်တော် မကတတ်လို့..."

စကားမဆုံးခင်မှာပင် ထိုအမျိုးသမီးဆွဲရာနောက်သို့ပါသွားတော့သည်။

Home ( U+Z )Where stories live. Discover now