Part 8

177 26 10
                                    

မန်နေဂျာချုပ်ကျေးဇူးကြောင့်သာ ရုံးချိန်နောက်မကျခြင်းပင်။

" ဟော အငယ်လေး ရောက်လာပြီပဲ စိတ်တော့မရှိပါနဲ့ကွယ် မမကို အောက်က ကော်ဖီဆိုင်မှာ ကော်ဖီနဲ့ကိတ်ဝယ်ပေးပါအုံး "

" ရတာပေါ့ မမရဲ့ "

ရဆို မနက်က သူ့မမကို သူမမြင်ရသေးဘူးမလား။ ရုံးနောက်ကျတော့မှာမို့ ဝရုန်းသုန်းကားဖြစ်နေခဲ့ရတာလေ

ချလွင်.....

" ကြိုဆိုပါတယ်ရှင် "

အားး...ချိုမြနေတာပဲ အသံလေးက

" ဟိုဟာ လက်တေးတစ်ခွက်နဲ့ ကိတ်တစ်ဘူး...ပြီးတော့ ပြီးတော့ green teaတစ်ခွက် "

" ခနလောက်စောင့်ပေးပါရှင် "

အဝါနုရောင်ဂါဝန်လေးက မမရဲ့အသားအရည်နှင့် ပနံသင့်လှစွာ။ ဆံပင်နက်နက်တို့ကို စည်းနှောင်ထားတာမို့ မျက်နှာလေးက ပြောင်ရှင်းလျက်။

လှချက်ပါပဲ

ဘလင်းဘလင်းထနေတဲ့ မျက်လုံးတွေကို အသာထိန်းရင်း ဖုန်းနံပါတ်တောင်းရန်ပြင်နေစ‌ဉ်မှာပင် မမမျက်လုံးတွေ လက်လာတာကို မြင်လိုက်ရပြီး ချူသံလွင်လွင်လေးကိုကြားလိုက်ရတော့သည်။

" အမေရိကာနိုတစ်ခွက် "

အသံကြားမှ အိမ်အပေါ်ထပ်က ဦးလေးကြီးဖြစ်နေသည်ပင်။

" ဦးလေးကြီး "

" အင်း "

" ကော်ဖီလာသောက်တာလား "

" အင်း ဆိုပါတော့ "

" ဒီအထိလေ "

" စကားပေါလိုက်တာ မင်းရုံးမတက်ဘူးလား "

" သွားမှာပေါ့ ဘယ်လိုဖြစ်နေလဲ "

မဟုတ်မှ ဒီဦးလေးကြီးကလည်း မမကို သဘောကျနေတာများလား

" ဦးလေးကြီး ဘာလာလုပ်တာလဲ စိတ်ရင်းအမှန်ကိုပြော "

" ဟ ဘာလာလုပ်ရမှာလဲ ကော်ဖီလာဝယ်တာလေ "

" သေချာလား ဟို ဟို ဆိုင်ရှင်ကို ကြိုက်နေတာလား "

သူက အဲ့ကောင်မလေးကို ကြိုက်စရာလား

" သွားမှာသာသွား ‌စိတ်ဖြောင့်ဖြောင့်နဲ့သာသွား မကြိုက်ဘူး ဟုတ်ပြီလား "

Home ( U+Z )Where stories live. Discover now