Part 2

207 31 4
                                    

နှိုးစက်သံက ကျယ်ကျယ်လောင်လောင် ထွက်လာပေမယ့် စောင်ပုံအောက်က လက်ဖြူဖြူလေးတစ်ဖက်ရဲ့ ရိုက်ချလိုက်ခြင်းကို ခံလိုက်ရသည်။

" အားရှီး တနင်္လာနေ့တွေကို မုန်းလိုက်တာ "

ငါးမိနစ်လောက်ထပ်မိန်းနေပြီးပြီမို့ ဆက်အချိန်ဆွဲလို့မရတော့။

မျက်နှာသစ် အဝတ်အစားလှဲပြီးတော့မှ အိမ်အောက်ဆင်းခဲ့တော့ ‌အိုမားက ဆိုင်သွားဖို့ ပြင်ဆင်နေပြီ ဖြစ်သည်။

အိုမားက ဈေးဝယ်စင်တာတစ်ခုတွင် အဝတ်အစားဆိုင်ဖွင့်ထားပြီး ဂျွန်မြောင်က ကုမ္ပဏီတစ်ခုတွင် စာချုပ်ဝန်ထမ်းဖြစ်သည်။

သားအမိနှစ်ယောက်ထဲမို့ ချောင်ချောင်လည်လည် သုံးနိုင်သလို ဘဏ်မှာလဲ ငွေစုနိုင်သေးသည်။

" ဂျွန်ဂျွန်..အိုမား မနက်စာလုပ်ပေးခဲ့တယ်..စားဖြစ်အောင်စား "

" အစောကြီးသွားတော့မလို့လား "

" အင်း...အထည်တွေစစ်ရမှာမို့..နေ့လည်စာလဲ စားဖို့ မမေ့နဲ့နော် "

" ဟုတ်ကဲ့ အိုမား..ကောင်းကောင်းသွားပါ "

အုပ်ဆောင်းကိုဖွင့်လိုက်တော့ ပူနွေးနေဆဲ အသီးအရွက်ဆန်ပြုတ်နှင့် ဝက်သားပြားကြော်...

ဆန်ပြုတ်မြန်မြန်သောက်ပြီး အိမ်တံခါး ခြံတံခါးတွေကို အဆင့်ဆင့်သော့ခတ်ပြီး အိတ်ဆွဲကာ ဘတ်စ်ကားဂိတ်သို့ပြေးရတော့သည်။

အချိန်နဲ့ဒီရေပဲလူကိုမစောင့်တာမဟုတ်ဘူး...ဘတ်စ်ကားကလဲ မစောင့်ဘူးလေ

*****************

ဂျွန်မြောင် ကုမ္ပဏီရှေ့ရောက်တော့ ဘေးနားရှိ ကားမှန်ကို ကြည့်ရင်း အင်္ကျီကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ဆွဲဆန့်လိုက်သည်။ ဆံပင်ကို လက်ဖြင့်ပုံပြန်သွင်းလိုက်ပြီး စကားတစ်ခွန်းပြောလိုက်သည်

" ကင်ဂျွန်မြောင် ဖိုက်တင်း "

ကုမ္ပဏီ အဆောက်ဦးအမြင့်ကြီး၏ ဘေးမှ ကော်ဖီဆိုင်တံခါးမှာ ချိတ်ဆွဲထားသော ချူသံလေးက သူတွန်းဖွင့်လိုက်တော့ အသံလွင်လွင်လေးထွက်လာတော့သည်။

Home ( U+Z )Where stories live. Discover now