part 12

136 19 5
                                    

ကားလေးက မြို့တွင်း ပြန်ဝင်တဲ့လမ်းပေါ်ဆိုပေမယ့် ဂျွန်မြောင်မှာတော့ အခုထိ မန်မိုရီတွေကို တစစီလိုက်ကောက်စုနေရတုံး။

ဘာတဲ့ သူက ဆေးမိပြီး ဦးလေးကြီးကို အရယူလိုက်တာတဲ့ သူက သူကလေ
ဦးလေးကြီးကလဲ အဲ့တာကြောင့် လက်ထပ်ကြမယ်တဲ့

ဗိုက်မကြီးသွားမှာမို့ ဒီတိုင်းပဲ မေ့လိုက်ကြဖို့ ပြောလိုက်မိတာကို ခုလိုကြီး ကားပေါ်တင်ခေါ်ခံခဲ့ရသည်

" ဦး အဟမ်း ဦးလေးကြီး သေချာပြန်စဉ်းစား
ဦးလေးကြီးကိုလဲ ကျွန်တော်က အပြစ်မတင်ပါဘူး ဒါက မတော်တဆလေ အရမ်းအတည်ကြီးမတွေးပါနဲ့ဗျာ ကျွန်တော့ကို လက်ထပ်စရာမလိုဘူးလေ "

" မင်းမလိုပေမယ့် ငါလိုတယ် "

" ဟမ် "

ခါးတွေနာနေတာ ဂျွန်မြောင်ပေမယ့် ဂျွန်မြောင်က လက်ခံသူမဟုတ်ခဲ့တာများလား....။ ဖြစ်နိုင်တယ် ဂျွန်မြောင်က ဦးဆောင်သူမို့ ဦးလေးကြီးက အသည်းအသန်တာဝန်ယူခိုင်းနေတာများလား

အိုမားကိုရော...ဘယ်လိုပြောရမှာလဲ

ဒါသား‌တာဝန်ယူခဲ့ရတဲ့ ကောင်လေး မဟုတ်ဘူး ဦးလေးကြီး။

ကားမှန်အပြင်ကို ကြည့်လိုက် သူ့ကိုခိုးကြည့်လိုက်နဲ့ ဗျာများနေပုံရတဲ့ ကောင်လေးက မဝံ့မရဲဖြစ်နေဟန်။
သက်ပြင်းတစ်ချချနဲ့ ကောင်ကလေးက တခုခုကို စိတ်ပူနေဟန်။

" အန်တီကို ကိုယ်ပြောမှာမို့ ဂျွန်မြောင်က အလိုက်သင့်လေးနေပေးရင် ရပြီ "

" ဦးလေးကြီး ကားမောင်းရတာ အဆင်မပြေရင်ပြော ကျွန်တော်မောင်းပေးမယ် ပြီးတော့ ဦးလေးကြီး အနားယူသင့်တယ်မဟုတ်လား "

" ပင်ပန်းနေတာမှန်ပေမယ့် မင်းကို ကားမောင်းခိုင်းရတဲ့အထိမဟုတ်ဘူး "

" အော "

" အိပ်ချင်အိပ်လေ ရောက်ရင် နှိုးမယ်...အန်တီကိုလဲ ကိုယ်ကောင်းအောင်ပြောလိုက်ပါ့မယ်"

ဦးလေးကြီးရဲ့ စကားကိုမယုံကြည်ရဲပေမယ့် ပင်ပန်းနေတာမို့ မှိန်းနေလိုက်တော့သည်။

သူတောင်ဒီလောက်ပင်ပန်းပြီး အားယုတ်နေရင် ဦးလေးကြီးသာဆို ဘယ်လောက်ပင်ပန်းနေလိုက်မလဲ...

You've reached the end of published parts.

⏰ Last updated: Oct 29, 2023 ⏰

Add this story to your Library to get notified about new parts!

Home ( U+Z )Where stories live. Discover now