အဝတ်အစားသီးသန့်ထုတ်လုပ်သည့် ကုမ္ပဏီရှေ့တွင် ရီရှင်းခြေစုံရပ်လိုက်သည်။ ကြီးကြီးမားမား ကုမ္ပဏီကြီး မဟုတ်ပေမယ့် အတော်အတန်နာမည်ရနေပြီးဖြစ်သော ကုမ္ပဏီဖြစ်သည်....။
ဒီနှစ်တွေအတွင်းမှာ တဟုန်ထိုးတိုးတက်လာပြီး Shopping centerတော်တော်များများတွင် ဆိုင်ခန်းများစွာ ဖွင့်လှစ်နိုင်နေပြီပင်။
" ဘာများကူညီပေးရမလဲရှင် "
ဧည့်ကြိုကောင်တာမှ ကောင်မလေးအသံက ချိုသာယဉ်ကျေးစွာ..။
" သူဌေးနဲ့တွေ့ချင်လို့.."
" ကြိုတင်ချိန်းထားပြီးလားရှင်.."
" မဟုတ်ပေမယ့် ကျန်းရီရှင်းရောက်နေတယ်လို့ သတင်းပို့ပေးမလား "
" ဟုတ်ကဲ့ ခဏလောက်စောင့်ပေးပါနော် "
သတင်းပို့ပြီးမကြာသောအချိန်မှာတော့ ယောင်းဟို ကိုယ်တိုင် အပြေးရောက်ချလာခဲ့သည်။ သူ့နောက်တွင် အတွင်းရေးမှူးဖြစ်ဟန်တူသော ကောင်မလေးမှာ အပြေးလိုက်လာရလို့ ခါးလေးကုန်းပြီး အမောဖြေနေရသည်။
" အကိုကြီး လာမယ်ဆို ကျွန်တော် ကားလွှတ်လိုက်မှာပေါ့
လာ လာ ကျွန်တော့ရုံးခန်းသွားရအောင် "
ဒုဥက္ကဌ ဘတ်ယောင်းဟို..
စားပွဲပေါ်မှ နာမည်ကို အသံထွက်ဖတ်လိုက်တော့ ယောင်းဟိုက လည်ဂုတ်တစ်ချက်ပွတ်ရင်း ရယ်သည်။
" ရင်းနှီးငွေကို ထုတ်ပေးခဲ့တာ အကိုကြီးလေ..အခုထိလည်း ကုမ္ပဏီက အကိုကြီးငွေတွေနဲ့ လည်ပတ်နေတာ "
" မင်းဒယ်ဒီက ဘာမှမပြောဘူးလား "
" ဒီကုမ္ပဏီစထောင်တော့ အဖေတောင်မယုံခဲ့တဲ့ ကျွန်တော့ကို အရင်းအနှီးထုတ်ပေးခဲ့တာ အကိုကြီးပဲ ဥက္ကဌဖြစ်သင့်တာပေါ့ "
" မင်းသိတာပဲ ယောင်းဟို..ငါက စီးပွားရေးဘက်မှာ အဆင်ပြေတဲ့ကောင်မျိုးမဟုတ်ဘူးကွ..စိတ်လဲမဝင်စားဘူး "
" ဒါကနောက်မှအေးဆေးပြောလို့ရပါတယ်..အကိုကြီး တရုတ်မပြန်တော့ဘူးလား
အဲ့ကစီးပွားရေးကိစ္စတွေကရော "
" ဖိုးနဲ့ နန်ဖျင်ဆက်လုပ်နေတယ်..ငါကပြန်ဖို့မပြန်ဖို့ မစဉ်းစားထားသေးဘူး "
YOU ARE READING
Home ( U+Z )
De Todoအိမ်..စာလုံးတစ်လုံးတည်းဆိုပေမယ့် အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ အိမ် မင်းကငါ့ရဲ့အိမ်