Part 10

177 24 11
                                    

မေ့ဆေးအရှိန်ရော အကြောထဲသွင်းထားသည့် ဆေးအရှိန်ကြောင့် ဂျွန်မြောင်က အရုပ်ကလေးသဖွယ်။ ပမာဏနည်းနည်းသာမို့ သိပ်မကြာခင်ဂျွန်မြောင်နိုးလာမှာ ဖြစ်ပြီး ထိုးဆေးကလဲ အချိန်ကိုက်အစွမ်းပြလာပေလိမ့်မည်။

သွေးတို့ကပ်ငြိနေသည့် အတွင်းဝတ်ကို ဂျွန်မြောင်မနိုးခင်အစဖျောက်ရမှာမို့ ရေချိုးခန်းအတွင်းသို့ အမြန်ဝင်ရောက်လိုက်သည်။ ရေမချိုးခင် သာယာမှုဆီခေါ်ဆောင်သွားမည့် ဆေးတို့ကို လက်ဖျံအတွင်းထိုးသွင်းဖို့ပါမမေ့...

ဝုန်း ဂလုန်း ဒုန်း!!!!

အပြင်ဘက်က အသံတချို့ကြားပေမယ့် ဘာမှစိတ်မပူမိ။ ဂျွန်မြောင်အနေနဲ့ နိုးလာရင်တောင် ခနပဲ အသိစိတ်ဝင်ပြီးမကြာခင်မှာပင် သူ့ကိုတောင့်တလာလိမ့်မှာဖြစ်သည်။

" ခွေးလိုကောင် "

စေ့ရုံသာထားတဲ့တံခါးဟာ ပွင့်သွားပြီး မကြာလိုက် အဆဲတစ်ခွန်းနှင့်အတူ လက်သီးချက်တွေက မျက်နှာပေါ်မိုးကဲ့သို့ ရွာကျလာတော့သည်။

ရီရှင်းအနေနဲ့လဲ အားသုံးပြီး ကန်ဖွင့်လိုက်တဲ့ တံခါးနောက်က ကုတင်ပေါ်မှာ အဝတ်အစားဖရိုဖရဲနဲ့ အသိစိတ်မဲ့နေသည့် ဂျွန်မြောင်ကြောင့် မျက်လုံးတွေပါပြာဝေပြီး ရေချိုးနေသူကို ဆွဲထိုးမိတာအခါခါ...

" တော် ပါ တော့ "

သေချာလေ့ကျင့်ထားသူအောက်မှာ ပြန်မထိုးနိုင်ဘဲ ခံနေရသည်မို့ မျက်နှာမှာသွေးတို့အလိမ်းလိမ်း။

အခုမှအသိဝင်လာတာမို့ ခန္ဓာကိုယ်တစ်ခုလုံး အားဆိုတာ ဘယ်မှာရှာရမယ်မသိ။

" သေသွားလိမ့်မယ်တော်ပါတော့ ဦးလေး ကြီး "

ရီရှင်းခါးကို ဆွဲဖက်ပေမယ့် သွေးဆာနေတဲ့ရီရှင်း တစ်ချက်ခါအထုတ်မှာ လွင့်ကျသွားတော့သည်။

" အွင့် "

ခပ်တိုးတိုးသာ ထွက်လာနိုင်တဲ့ဂျွန်မြောင်အသံကြောင့် ရီရှင်းစိတ်တွေပြန်စုစည်းသွားတော့သည်။ လှည့်ကြည့်လိုက်တော့ ကုတင်ခြေရင်းမှာ ဂျွန်မြောင်ကပုံလဲနေလျက်သား။

Home ( U+Z )Where stories live. Discover now