ဘော့စတွန်မြို့...လျှို့ဝှက်စစ်ဆင်ရေးဌာနချုပ်ထဲရှိ ဌာနမှူးရုံးခန်းထဲတွင် အရပ်မြင့်မြင့် လူနှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
" အခုထိ Zhangကို ရှာမတွေ့သေးဘူးပြောတာလား "
" ဘယ်သူ့ကိုရှာနေတယ် ထင်လို့လဲ Lay Zhangကို လွယ်လွယ်တွေ့မယ်ထင်နေတာလား "
" လူတော်တစ်ယောက် အဖွဲ့ထဲက ထွက်သွားတာကို နှမြောရကောင်းမှန်းမသိတာလား "
" လိုက်ရှာလေ ရှာလို့မတွေ့လေပဲ..ဒါကြောင့် လွှတ်ထားလိုက်စမ်းပါ အချိန်တန်ရင် သူပြန်ရောက်လာပါလိမ့်မယ် "
လူမည်းအမျိုးသားကြီး၏ အဖြေကိုသဘောမကျသည့်နှယ်..။
ခပ်ကြမ်းကြမ်းဆောင့်ပိတ်သွားသော တံခါးကို ဂရုမစိုက်ဘဲ ကော်ဖီခွက်ကိုသာ ကောက်ကိုင်လိုက်ရင်း သဘောတကျရီလိုက်သံက အခန်းတွင်းမှ အပြင်သို့ ပျံ့လွင့်လာတော့သည်။
လွယ်လွယ်သာရှာလို့ရရင် Lay Zhang ဟုတ်ပါအုံးမလား~~~
အလုပ်ကထွက်ပြီး...
အင်း...တစ်ဖက်သတ်ဆန်တဲ့ အလုပ်ထွက်ခြင်းပေါ့လေ..နေရာတစ်နေရာမှာ တစ်လထက်ပိုမနေပဲ ကိုယ်ရောင်ဖျောက်နေတာ သုံးလကျော်ပြီဖြစ်သည်။
နောက်ကဆက်မလိုက်ကြတာ သေချာတော့မှ ကိုရီးယားမြေသို့ ခြေချဖြစ်တော့သည်။
ဟူဒီပွပွ၊ဂျင်းဘောင်းဘီ ကျောပိုးအိတ်တစ်လုံးသာပါသော သူ့က လုံးဝကို သာမန်ခရီးသွားအသွင်...။ကတ်တီလုပ်ပေးလိုက်သည့် စာရွက်စာတမ်းတွေကြောင့်လဲ လေဆိပ်မှာ အခက်အခဲမရှိ..။
တက္ကစီတစ်စီးတားရင်း အဆိုးကြီးလဲမဟုတ် အကောင်းကြီးလဲ မဟုတ်သည့် ဟိုတယ်တစ်ခုသို့သာ မောင်းခိုင်းလိုက်သည်။
နေ့လည်ကတည်းက အိပ်လိုက်တာ..သူနိုးလာတော့ နေရောင်အစား မီးရောင်တွေသာ မြင်နေရပြီဖြစ်သည်။
အထပ်မြင့်မှာမဟုတ်တာမို့ ရှုခင်းကို ကောင်းကောင်းမမြင်ရ...
" မား...ကျွန်တော် ကိုရီးယားကို ပြန်လာမိပြန်ပြီ..မား သဘောကျတဲ့ ကိုရီးယားကိုလေ.."
YOU ARE READING
Home ( U+Z )
Randomအိမ်..စာလုံးတစ်လုံးတည်းဆိုပေမယ့် အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ အိမ် မင်းကငါ့ရဲ့အိမ်