Part 6

170 29 8
                                    

ရေခဲသေတ္တာထဲ နှစ်ရက်စာဟင်းအနှစ်ဘူးတွေကို စီရီထည့်နေသည့် အိုမားကို ဂျွန်မြောင် မေးထောက်ကြည့်နေသည်။

အိုမားက ပါးစပ်ကလဲ တတွတ်တွတ်ပြောနေသေးသည်။

" သိလားသား...အိုမားပြောသလိုချက်ရင်ရပြီနော် အပူလောင်မှာလဲ သတိထားအုံး

နှစ်ရက်လောက်ပဲကြာမှာပါကွယ်...နှုတ်ခမ်းကြီးစူမနေပါနဲ့အုံး "

နယ်ဘက်က သူတို့ရဲ့ အထည်ချုပ်စက်ရုံအသေးစားလေးမှာ အထည်တွေသွားစစ်ရမှာဖြစ်သည်။ ဂျွန်မြောင်တို့က အဝတ်အစားကို ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး အိုမားဇာတိက စက်ရုံမှာချုပ်လုပ်ခြင်းပင်။

" အထည်တွေက အိုမားကိုယ်တိုင်စစ်မှအဆင်ပြေမှာမို့ပါကွယ် "

" ဟုတ် "

" အန်တီသွားတုံး အစားအသောက်လေးတော့သည်းခံအုံးနော် သား..."

" ရပါတယ် အန်တီ "

" အကြီးကို ရန်လိုက်စမနေနဲ့အုံးနော် သား...အိုမားစကားနားထောင် ဟုတ်ပြီလား "

" သိပါပြီလို့ သားက ကလေးမို့လို့လား "

တံခါးဝရောက်သည်အထိသာ လိုက်ပို့လိုက်ကြသည်။ ရာသီဥတုက အနည်းငယ်အေးတာမို့ အိုမားကားထွက်သွားတာနဲ့ ဂျွန်မြောင် ခုန်ဆွခုန်ဆွနှင့် အထဲပြန်ဝင်လာရသည်။

" ဟေ့ကောင်လေး မင်းခြေထောက်က သေချာမကောင်းသေးတာကို ငြိမ်ငြိမ်သွားလေ "

" အေးတယ်လေဗျာ...ဦးလေးကြီးက မအေးဘူးလား "

နှာသီးလေးတင်မကပဲ ပါးဖေါင်းဖေါင်းကပါ ရဲနေသေးသည်မှာ ဆေးခြယ်ထားသလို။

မနေနိုင် မထိုင်ပင် သူသွားမေးမိသည်။

" မင်း မိတ်ကပ်လိမ်းထားတာလား "

" ဘာဗျ လိမ်းစရာလား...လာ ပွတ်ကြည့် ဒီမှာ ဒီမှာ "

ပြောပြောဆိုဆိုနဲ့သူ့လက်ကိုဆွဲပြီး မျက်နှာအနှံ့ပွတ်သတ်စေတော့သည်။

အသားလေးတွေကအစ အိစက်ပြီး ချောချောမွေ့မွေ့။

သူအရင်ကပွတ်သတ်ဖူးတဲ့ မိန်းကလေးတချို့ရဲ့ မိတ်ကပ်ဖုံးထားတဲ့ မျက်နှာတွေနဲ့မတူ။

Home ( U+Z )Where stories live. Discover now