Part 5

201 31 1
                                    

သောကြာနေ့ည စာရင်းချုပ်တဲ့နေရာမှာ အမှားတစ်ခုရှိတာမို့ ဂျွန်မြောင်တို့တစ်ဖွဲ့လုံး ညနက်မှ အိမ်ပြန်ကြရသည်။

တစ်လမ်းလုံးတိတ်ဆိတ်နေသလို လမ်းထိပ်က မီးသီးကလဲပျက်နေတာမို့ ခပ်မှောင်မှောင်။

ဖုန်းမှမီးအားကိုးနှင့် ခြေလှမ်းတွေကို ပိုအရှိန်တင်လိုက်သည်...သူထင်သလို ဟိုဘက်ရပ်ကွက်မှ လူတစ်ချို့က မူးနေကြပြီဖြစ်သည်

" အစ်ကိုဂျွန်မြောင်မို့လား ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ နှုတ်ဆက်ရမှာမဟုတ်ဘူးလား "

" ဆွန်းထယ် မင်းတို့မူးရင်လဲ အိမ်ပြန်ကြကွာ အခုတော့ ငါ့ရှေ့ကဖယ်ပေး "

ဂန်ဆွန်းထယ်...ရပ်ကွက်ထဲက ငွေတိုးချေးစားသူ၏ သား။ ဆိုးချက် ပေချက်ကတော့ သူ့ကိုမြင်ရင် ခွေးတောင်မဟောင်ရဲ။

" ရော့ ဒီပုလင်းကုန်ရင် "

သူ့ရှေ့တည့်တည့်မှာ ပုလင်းတစ်ပုလင်းကို ဆွန်းထယ်က လှမ်းပေးနေသည်။ အရက်သက်သက်တော့ ဟုတ်ဟန်မတူ..

အသာအကဲခတ်တော့ ဆွန်းထယ်နဲ့တခြားနှစ်ယောက်လောက်သာ ယိုင်ထိုးထိုးနဲ့ လမ်းလျှောက်နိုင်တော့တာဖြစ်သည်..ကျန်လူတွေက ပိုးလိုးပက်လက်တွေ

" ငါ့ကို အိုမားစိတ်ပူနေတော့မှာကွ ဖယ်ပါကွာ "

" အသက်ပဲဘယ်လောက်ရှိနေပြီလဲ မာမားဘွိုင်းလေးလုပ်တုံးလား

မရဘူး ဒါမကုန်ရင် မဖယ်ဘူး "

ကျောပိုးအိတ်ကြိုးကိုတင်းနေအောင် ဆုပ်ကိုင်လိုက်ပြီး အရှေ့မှာပိတ်ရပ်နေသည့် ငမူးသုံးကောင်ကို တွန်းတိုက်ပြီး ပြေးတော့သည်

ကြောက်တယ်ရယ်လို့မဟုတ်ပေမယ့် သူသာရန်ဖြစ်ခဲ့ရင် အိုမားကပဲ စိတ်ညစ်ရမှာမဟုတ်လား...

ရဲစခန်းရောက်တာထက်စာရင် ပြေးလိုက်တာက ပိုမကောင်းဘူးလား

ဂျွန်မြောင်ကရှေ့ကပြေးသလို ငမူးကောင်တွေကလဲ ထပ်လိုက်လာသည်။ ကြည့်ရတာ ရန်ဖြစ်ချင်လို့ သားကောင်လိုက်ရှာနေချိန်မှာ ဂျွန်မြောင်က အလိုလို သားကောင်ဖြစ်သွားပုံပင်။

Home ( U+Z )Where stories live. Discover now