👑✨Part-1✨👑

579 31 11
                                    

(uni code)

(💔11.1.2021💔)

စုကို တစ်ယောက် သူ့မေမေမွေးနေ့၌ တစ်နေကုန် အပြင်ထွက်မုန့်စားသွားခဲ့သောကြောင့် အိမ်ပြန်ရောက်သောအခါတွင် ပုံမှန်ညအိပ်ချိန်ထက်စော၍ အိပ်ရာဝင်ချင်နေလေသည်။

တစ်နေကုန်ပျော်ပါးပင်ပန်းလာသမျှကို အနားယူ၍အိပ်စက်ပစ်လိုက်ချင်သော်လည်း အချိန်အတော်တန်ကြာအောင် သူနှင့် အဆက်သွယ်မလုပ်သည့် သူတစ်ယောက်၏ message ကို ထုံးစံအတိုင်း ည(၁၂) နာရီလောက်အထိ စောင့်နေသည်။

ထိုနေ့၌ စုကို တစ်ယောက် စောင့်ရကျိုးနပ်ခဲ့သည်။ တစ်လမှ တစ်ခါမျှသာစာပို့သော သူနှင့်ထိပ်တိုက်လိုင်းတက်ချိန်တူခဲ့၍ သူ့စီမှလည်းစာတစ်စောင်ရရှိခဲ့လေသည်။

ထိုစာစောင် message ထဲတွင် ရေးထားခဲ့သည်က
" ငါမင်းနဲ့ ပတ်သတ်ချင်သေးတယ်၊ အရင်လိုပဲခင်ချင်သေးတယ်၊ မင်းက ငါနဲ့ မတန်ပါဘူး၊ ငါ့ထက်ကောင်းတဲ့သူနဲ့တွေ့မှာပါ ၊ မင်း ငါ့ကို စောင့်မနေပါနဲ့တော့ ၊ ငါအသစ်ထက်တွေ့လို့ မင်းကို မစောင့်ခိုင်းတော့တာမဟုတ်ပါဘူး၊ ငါ့ထက်ကောင်းတဲ့သူနဲ့တွေ့စေချင်လို့ပါ၊ ငါတို့တွေ အကောင်းဆုံးသူငယ်ချင်းအဖြစ်နဲ့ပဲ နေသွားကြရအောင်နော်"

စုကို တစ်ယောက် ထိုစာကို မြင် မြင်ချင်း ခေါင်းကို ထုခွဲသလိုခံစားလိုက်ရပြီး မျက်လုံးမှ မျက်ရည်များကလည်း ဘယ်ကမှန်းမသိ ကျလာလေသည်။
Messageပို့ထားတာသည်ကို မြင်တော့ ပင်ပန်းလာသမျှတွေ ချက်ချင်းလက်ငင်းပျောက်သွားသလို ပျော်ရွှင်မှုတွေကို ခံစားရပေမဲ့ messageတွေကို ဖတ်ပြီးသည့်အခါ၌ ခန္တာကိုယ်တစ်ခုလုံး ကျောက်ရုပ်တစ်ခုလို တောင့်ခဲသွားပြီး အသက်တောင်ရှုသေးရဲ့လားဆိုတာ စုကို တစ်ယောက်မသိတော့ချေ။
စုကို သိလိုက်ရ‌တာကတော့ သူမ မဖိတ်ခေါ်ဘဲနဲ့ မျက်ရည်များကျလာခြင်းဖြစ်သည်။ ထိုနေ့က စုကို ပျော်ရွှင်စရာတွေနဲ့ကုန်ဆုံးခဲ့ပေမဲ့ ကံတရားက ရက်စက်ခဲ့လို့လားမသိ။ တစ်ညလုံး မျက်ရည်များနှင့် ကုန်ဆုံးနေခဲ့တော့သည်။

အမှားပါသွားရင် တောင်းပန်ပါတယ်❤️
အရမ်းကြီးတိုသွားတဲ့ အတွက်လည်းတောင်းပန်ပါတယ် နောက် အပုဒ်ကျ ရှည်အောင်ရေးပေးပါမယ်❤️

Hanaツコ( Honey Zaw )

============================

(Zaw Gyi)

(💔11.1.2021💔)







Hanaツコ( Honey Zaw )

တကယ်လို့ Where stories live. Discover now