👑✨Part-9✨👑

149 9 2
                                    

(uni)

Academic day သို့ရောက်ပြီ။

‌ပြပွဲက ကျောင်းခန်းမမှာ ကျင်းပခြင်းမဟုတ်ဘဲ မြို့တော့ခန်းမမှာ ကျင်းပခြင်းဖြစ်သည်။ စုကိုက Stage duty နဲ့မို့ အလုပ်မအား၊ ပွဲစချိန်ကတည်းက မိန့်ခွန်းပြောသည့် အချိန်မှ လွဲ၍ stage duty ကို ပွဲပြီးသည်အထိ လုပါရ၍ မြန်မာစာ project ဘက်သို့တောင် မလှည့်နိုင်ခဲ့။ Stage duty တာဝန်အတိုင်း uniform သေချာ ဝတ် မဝတ်ကို စီစစ်‌စ်ဆေးပေးရသည်။ စုကိုက မူလတန်းကလေးများကို ယူနီဖောင်းသေချာ စစ်ဆေးပေးသည်။ စိတ်တိုင်းမကြိုက်လျှင် သူကိုယ်တိုင် ပြင်ပေးလိုက်သည်။ မူလတန်းကလေတွေမို့ပြောရဆိုရလွယ်သည်။ ချော့မော့ပြောလျှင်ရသေးသည်။ စုကို Stage duty တစ်ချိန်လုံးမှာ ပင်ပန်း လို့ ပင်ပန်းမှန်းမသိ။ G-8 ယောင်္ကျားလေး‌များနှင့်တွေ့မှသာလျှင် စုကို ရူချင်စိတ်တောင်ပေါက်သွားသည်။ ယူနီဖောင်းပုံစံက အကျီကို ဘောင်းဘီထဲထည့်ဝတ်ရပြီး ကြယ်သီးကို လည်ပင်းထိတပ်ထားသည်။ သို့သော် G-8 ယောင်္ကျားလေးတွေက အကျီကို အပြင်ထုတ်ထားသည့် အပြင် ကြယ်သီးကို နှစ်လုံးလောက်လည်း ဖြုတ်ထားသေးသည်။ Uniform သေချာ မဝတ်လျှင် မဝတ်သည့် ကျောင်းသားများက နောက်မှ  Stage duty သမားများက အရင် အငေါက်ခံရမည်။ စုကိုက ယောင်္ကျားလေးတွေနဲ့ ရန်ဖက်လုံးရန်လည်း ဝန်မလေးသူမို့ Uniform သေချာ မဝတ်သူများကို အော်ငေါက်ပြီး သေချာဝတ်ခိုင်းရ၏။ G-8 က စုကို ထက် တစ်တန်းငယ်သည်မို့ အော် ငေါက်၍ ရနိုင်သည်။

"အဲ့အစ်မက လူကောင်သေးသေးလေးနဲ့ တော်တော်စွာတာပဲ " စသည့်တီးတိုး‌ေပြာသံများကို ကြားသည်။ စုကိုက ခပ်ချေချေဒဇိုင်းနှင့် မျက်လုံးကို တည့်တည့်ကြည့်ကာ "ငါ့ အလုပ် ငါလုပ်တာ နင့်အပူပါလား"  ဟု ပြန်ချေပသည့် အခါ အားလုံးနီးပါး ငြိမ်ကျသွားသည်။ G-8 ကျောင်းသားများ Stage စင်ပေါ်မှ ဆင်းသွားပြီးသည့် အခါမှသာ စုကိုအပါအဝင် Stage duty သမားများအားလုံး ငရဲခန်းထဲက လွတ်ပြီဟု ထင်ရသည်။ G-8 တို့ ပြီးပြီမို့ စုကိုတို့ အလှည့် G-9 သမားအလှည့်သို့ ရောက်ပြီ။ G-9 ပြီးလျှင် စုကိုတို့ Duty ချိန်လည်းပြီးပြီမို့ စုကိုတျု့ သက်ဆိုင်ရာ Project မေရာသို့ ပြန်သွားကြရသည်။ စုကိုတို့ Project ဆီကို ရောက်တော့ ပွဲပြီးတော့မှာမို့ Project ပစ္စည်းများကို ပင်သိမ်းနေပြီလေ။  စုကို ဘာမှ သိပ် မကူလိုက်ရချေ။ Academic day မှာ မျက်နှာဆေးခြယ်(သို့) အိုးပုတ်ဆေးခြယ်ခွင့်ရှိသည်။  Stage duty သမားများက နောက်ဆုံးမှ ဖြစ်နေတော့ တောင်းထဲ၌ အိုးပုတ်အကျိုးအပဲ့များသာရှိတော့သည်။ စုကိုက ဆေးရောင်တွေကို မျက်နှာပေါ်တင်လို့မရ၊ အလက်ဂျစ်ဖြစ်တတ်၍ အိုးပုတ်အကျိုးအပဲ့တွေကြားမှ အိုးပုတ်အကောင်းတစ်ခုကို မနည်းရှာလိုက်ရ၏။ ဆေးရောင်ခြယ်ပမည်ပြင်တော့ ကျောင်းသား သုံးရာလောက်က ဦးစွာခြယ်ပြီးဖြစ်၍ဆေးရောင်တွေလည်းမကျန်တော့၊ အိမ်ရောက်မှ ခြယ်မည်ဟု ဆုံးဖြတ်လိုက်ကာ အိုးပုတ်ကို လွာ်အိတ်ထဲထည့်လိုက်သည်။ ပွဲအစီအစဉ်က ပြီးပြီမို့ လာကြိုရန် အိမ်ကို ဖုန်းဆက်ရန်ပြင်လိုက်သည်။ သို့သော် Lucas အတွက် ရွှေရည်ဓာတ်ပုံရိုက်ရအုံးမည်။ ရွှေရည်၊ သုနှိုင်းစံ၊ အခြူးတို့က စုကိုရဲ့နောက်မှာ စုဝေးနေသည်။ အခြူးက သူတျု့သုံးယောက် ဓာတ်ပုံအတူရိုက်ချင်နေဟန်ပေါ်သည်။ စုကိုက အရိပ်မြင်အကောင်သည့် ဆိုသည့်အတိုင်း

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 18, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

တကယ်လို့ Donde viven las historias. Descúbrelo ahora