👑✨Part-5✨👑

103 18 8
                                    

(uni code)

(ဂရုစိုက်မှုတွေက အပေါ်ယံမျှသာ)

(💝31.12.2019💝)

Happy New Year. ညမို့လို့ စုကိုတို့၏အိမ်အပါအဝင် အိမ်တိုင်းလိုလို၌ပျော်ပွဲရွှင်ပွဲတွေရှိနေသည်။ စုကိုသည် new year ည၌ အောဂျင်းနှင့် အိမ်(၃)အိမ်သို့ တစ်အိမ်ဝင်တစ်အိမ်ထွက်နှင့် မုန့်ပတ်စားနေသည်။

အောဂျင်း၏ညီမနှင့်မောင် အပါအဝင်စုစုပေါင်း(၄)ယောက်ဖြစ်သည်။အောဂျင်းက စုကိုနှင့် အိမ်ချင်းကပ်ရဲ့ သူငယ်ချင်းဖြစ်သည်။စုကိုနှင့် အသက်လည်းတူ၊ အတန်းလည်းတူ နှင့် ငယ်ငယ်ကတည်းက ကျောင်းလည်းအတူတူတက်ခဲ့ကြတော့ အချင်းချင်းတစ်ယောက်အကြောင်းတစ်ယောက် သိကြ၊ ရင်းနှီးကြသည်။ အပြင်သွားတိုင်းလည်း နှစ်ယောက်သားတစ်ပူးပူး၊ တစ်တွဲတွဲနှင့်။

ယခုအခါတွင်လည်း နှစ်ယောက်သား Spy ပုလင်းကိုယ်စီကိုင်ကာ လျှောက်လည်နေကြသည်။စုကိုသည် ဝိုင်သောက်ရသည်ကို ကြိုက်သည်။ ထိုအကြောင်းကို စုကို အိမ်ကသိတော့ ပျော်ပွဲရွှင်ပွဲရှိသည့် အချိန်မှသာ သောက်ခိုင်းသည်။ စုကိုကလည်း အလွန်ဆုံးသောက်နိုင် နှစ်ပုလင်းဖြစ်သည်။ တစ်ပုလင်းနှင့်ကို ပင် ရီဝေရီဝေဖြစ်နေသည်။

ယခုလည်း Spy ပုလင်းကို ကိုင်ကာအိမ်လျှောက်လည်နေသည်။ စုကို တစ်ယောက် မူးလို့မှောက်လျှင် စိတ်ပူစရာမရှိ၊ ဘေးနား၌ အောဂျင်းတစ်ယောက်လုံးရှိသည်။ ညနေ (၅) နာရီလောက်ကတည်းက လျှောက်လည်နေကျတော့ ည(၈)နာရီလောက်ကျ နှစ်ယောက်သား ခြေပန်းလက်ပန်းကျနေပြီ။ (၃) အိမ်တည်းလည်သည်ဆိုသော်လည်း ထိုသုံးအိမ်၏ခြံဝတွင် သူတို့၏ ခြေရာမှာ ထပ်နေသည်။ ဒီကြားထဲ စိန်ပြေးလိုက်တမ်း ကစားထားသေးတော့ စုကို တစ်ယောက် အိပ်ချင်နေလေပြီ၊ Spy အရှိန်ကြောင့်လည်းပါမည်ထင်သည်။

ထို့ကြောင့် စုကိုသည် ၈နာရီခွဲလောက်တွင် အိမ်သို ပြန်ရောက်၍ ခြေလက်မျက်နှာဆေး၊ သွားတိုက် ၊ဘုရားရှိခိုးပြီး ည(၉)နာရီကျ အိပ်ရာဝင်လေသည်။

မနက်ဖန်က နှစ်သစ်ရဲ့ အစ (1 Jan 2020) မို့ စုကိုတို့ မိသားစု မဟာမြတ်မုနိဘုရားသို့သွားပြီး မျက်နှာသစ်တော်ရေ သွားကပ်ကြမည်။ ဘုရားသို့ မနက် (၄) နာရီရောက်မှသာလျှင် မျက်နှာသစ်တော်ရေ ကပ်နိုင်မည်ဖြစ်၍ စောစောထဖို့အတွက် စောစောအိပ်ရမည်။

တကယ်လို့ Where stories live. Discover now