👑✨Part-8✨👑

109 13 2
                                    

(Uni code)

(💝4.1.2020💝)

ယနေ့ မနက်၌ ဆုသွားယူရမည်ဖြစ်၍ စုကို တစ်ယောက်ကျောင်းသို့မြန်မြန်ရောက်ချင်နေလေသည်။ သို့သော်စုကို၏စိတ်ကြောင့်လားမသိ။ ကနေ့မှ အချိန်တွေက အကုန်နှေးလိုက်တာဟု စုကို ထင်နေသည်။ မနက်စာဆောင်ဆာလို့ ဆာမှန်းမသိ။ မေမေက ထမင်းစားကြမယ်လေ လို့ သတိပေးမှ မနက်စာမစားရသေးမှန်း စုကို သတိရသည်။ နောက်ဆုံးမှ ထမင်းစားပြီးသော စုကိုက ကနေ့ ထူးထူးခြားခြား အစောဆုံးပြီးနေ၏။

"ဖေဖေရယ်ကြာလိုက်တာ မပြီးသေးဘူးလား။ ၈ နာရီတောင်ထိုးတော့မယ်"

စုကိုကြောင့် စုကိုဖေဖေလည်းထမင်းဖြောင့်အောင်မစားရတော့။

" ဟန်နီရယ် အစောကြီးရှိသေးတာကို နာရီဝက်တောင်လိုသေးတယ်‌လေ။ဘာတွေလောနေတာလဲ ကျောင်းကို ရောက်အောင်ပို့ပေးမှာပါ"

"ဖေဖေကလည်း အိမ်နဲ့ကျောင်းနဲ့က ဖေဖေ့ကမောင်းနှုန်းနဲ့ဆိုရင် ဆယ့်ငါးမိနစ်လောက်တောင်ကြာမှာကို😑"

"အေးပါ ပြီးတော့မယ် ၊ နောက်ထပ်ငါးမိနစ်ပဲစောင့်"

စုကို ကားဆီသို့ ခုန်ပေါက်ပြီးပြေးသွားသည်။ Healthy ကနောက်ကနေ စုကို စကတ်ကို လှမ်းဆွဲ၏။( healthy ဆိုတာ စုကို ခွေးလေး)

"Healthy ! ! နင်ဘာလို့လိုက်ဆွဲတာလဲ ငါချော်လဲတော့မယ်"

မေမေက အိမိပြင်သို့ ထွက်လာသည်။

" Healthy ရေ လာမေမေ့ဆီလာခဲ့ နင့်အမက ကနေ့ စပ်စလူးစိန်နေတာ"

"မေမေနော် မေမေ့သားလုပ်တာကြည့်အုံး"

ဖေဖေကလည်း ထမင်းစားပြီးပြီမို့  စုကို ကို ကျောင်းပို့ထွက်ရန်အတွက် ကားသော့ရှာနေသည်။

"ဟန်နီရေ ဖေဖေ့ကားသော့ကော?"

"ဟန်နီ့ဆီမှာလေ လူသာလာခဲ့တော့😙"

"ကနေ့ ဟန်နီတော်တော်ထူးဆန်းနေတယ်😃"

"ဟဲဟဲ😁"

စုကိုလည်းကားပေါ်တက်ပြီး အိမ်နှင့် မိုင်ဝက်လောက်ဋေးသော ကျောင်းသို့သွားကြသည်။ ကျောင်းသို့ရောက်သော်အခါ ထူးချွန်သမားတွေ cafe house မှာ နေခဲ့လို့  ဒုကျောင်းအုပ်ဆရာကြီးက လှမ်းမအာ်လိုက်၏။ စုကိုက နေ့လည်ကျ Project လုပ်ရအုံးမှာမို့ လိုအပ်တဲ့ ပစ္စည်းတွေကို လိုရမယ်ရ လက်ဆွဲလွယ်အိတ်ထဲထည့်လာသည်။ထို့ကြောင့် အိတ်ကို အခန်းထဲသို့ သွားထားရအုံးမည်။ အခန်းက ‌အပေါ်ထပ်မှာမို့ အပေါ်ထပ်သို့ တက်နေစဉ် ယမုံဖူးက cafe house သို့သွားရန်အတွက် အောက်ထပ်ကို ဆင်းလာရာ စုကိုနှင့်လှေကားတွင် ဆုံမိကြသည်။

တကယ်လို့ Donde viven las historias. Descúbrelo ahora