👑✨part-3✨👑

153 16 3
                                    

(uni code)

(ကံကြမ္မာ စီစဉ်ပေးခဲ့လေသလား)

(💝27.12.2019💝)

ကံကြမ္မာက စီစဉ်ပေးလိုက်လေလားမသိ၊ Tik Tok တွင် Lucas ဆိုသည့် အကောင့်မှ message တစ်စောင် ဝင်လာသည်။

"Hii"

စုကိုသည်ခပ်ချေချေနေတတ်သူမို့ သူ့စာကို reply မပြန်ချေ။

နောက်
"Hi"
ချည်း ၇ ခုလောက်ထပ်ပို့သည်။
စုကိုသည် messageကို delete လုပ်ပစ်သည်။

နောက်ထပ်ထပ်ပို့တာ‌ကတော့

" အမက ကျွန်တော့်ကို ကြိုက်နေတာလို့ အစ်ကို ကောင်းထက်ကပြောတယ်"

ကောင်းထက်ဆိုသည့်တစ်ယောက်မှာ စုကိုနှင့် ဖယ်ရီ အတူတူစီးသူဖြစ်သည်။ ကျောင်းသွား၊ကျောင်းပြန် ၌ ဖယ်ရီတွင်တွေ့နေကြဆိုတော့ ရင်းနှီးသည်။
ဖြစ်ပုံမှာ ဒီဇင်ဘာစာမေးပွဲအပြီး ကျောင်းပြန်တွင်

" ကောင်းထက် Lucas ဆိုတဲ့ တစ်ယောက်ကို သိလား ။ သူကျောင်းက လူတော်တော်များများကို follow လုပ်ထားတယ်။ ငါ့လည်း followထားတယ်။ ငါ့အထင်တော့ ငါတို့ကျောင်းက လူတော့မဟုတ်ဘူး"

"အင်း ၊ငါ့ကိုလည်း follow လုပ်ထားတယ်။ ငါလည်းသူ့ကို မသိဘူး"

"ဪ၊ အေးအေး "

ထိုအချိန်တွင် အချူးဆိုသည့် ညီမလေးတစ်ယောက်က ကြားဖြတ်ဝင်ပြောလိုက်သည်။

"သူက mdy က။ အတန်းကတော့ ညီမတို့နဲ့ အတူတူပဲ၊ သူက ညီမတို့အတန်းထဲက ရွှေရည်ကိုကြိုက်နေတာ။ ရွှေ‌ရည်ကို ဘယ်လိုတွေ့လဲတော့ ညီမလည်းမသိဘူး။ ညီမကိုတောင် သူက အောင်သွယ်ခိုင်းနေတာ။"

"ဟင် ဟုတ်လား၊ သူ့ ပရိုဖိုင်က ချောတယ်နော်။ ငါတောင် သူ့ကို ကြိုက်နေပြီ"

" အမ မသိဘူးလား၊ အဲ့ ပရိုဖိုင်က DJ တီးတဲ့ တစ်ယောက်လေyellow ရဲ့ ပုံလေ၊ နိုင်ငံကျော်တယ်လေ မသိဘူးလား"

" ဟင့်အင်း ၊ မသိဘူး hee hee 🤭"

စုကို တစ်ယောက် နိုင်ငံကျော် တစ်ယောက်ကိုတောင် မသိတဲ့အတွက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
မှန်ပါသည်။ စုကိုက ဂျပန်အဆိုတော်မင်းသားကို ငါးနှစ်ယောက် စွဲစွဲမြဲမြဲကြိုက်ခဲ့တော့ အခြားနာမည်ကျော်တွေကို မသိ၊ ဘယ်သူတွေက တက်သစ်စ မင်းသား/မင်းသမီးတွေ၊ ဘယ်သီချင်းက အသစ်ထွက်တယ်၊ ဘယ်သူတွေက ဘယ်သီချင်းကို ဆိုတယ် သူမ မသိ။ စုကို အမြဲနားထောင်တဲ့သီချင်းတွေက သူ့ကြိုက်တဲ့ ဂျပန်အဆိုတော်၏ သီချင်ူတွေသာဖြစ်သည်။ ဂျပန်မင်းသားကို မေ့ပစ်တော့မှ အပြင်လောကထဲသို့ရောက်သည်ဟုဆိုရပေမည်။

တကယ်လို့ Donde viven las historias. Descúbrelo ahora