👑✨part-7✨👑

83 16 11
                                    

(Unicode)

(💝3.1.2020💝)

ကျောင်းဖွင့်သော်လည်းစာမသင်ရ၍ စုကို တစ်ယောက် ပျော်နေသည်။ မနက်ခင်း၌ စုဝေးသဘင်ရှိသည်။ Academic day အကြောင်းပြောရန်အတွက် ကျောင်းအုပ်ဆရာမကြီးက စုဝေးသဘင်ခန်းမသို့သို့ လူစုခိုင်းလိုက်ခြင်းဖြစ်သည်။  ခန်းမအတွင်းသို့ နှစ်ယောက်တစ်တွဲသွားကြရာ မေချမ်းနှင့် စုကို က အတူသွားကြသည်။ ‌ခန်းမအတွင်းသို့ရောက်သော် G-8 မိန်းကလေးများက ဦးစွာတန်းစီနေလေပြီလေ။ စုကိုတို့ က G-9 မို့ G-8 နောက်၌တန်းစီရသည်။ ထိုအချိန်တွင် သုနှိုင်းစံက

"မမ ဒီဘက်လာ ၊ ညီမလေးနားနေညီမပြောစရာရှိလို့"

" ဟဲ့မေချမ်း၊ဒီဘက်လာခဲ့၊ ညီမလေးက ငါ့ကို ခေါ်နေလို့"

စုကိုက စကားပြောနေသော မေချမ်းကို ပခုံးပုတ်ပြီးပြောလိုက်သည်။

"နင့်ဘာသာနင်သွားလိုက် ငါသူတို့နဲ့ စကားပြောနေရင်းတန်းလန်းမို့"

"ဪ အေးအေး"

ခန်းမအတွင်း၌ အတန်းမစုံသေး၍ ကျောင်းအုပ်ဆရာမကြီးရောက်မလာသေးချေ။ ထို့ကြောင့် စကားသံများဆူညံနေသည်။ စုကိုက သုနှိုင်းစံခေါ်သော နေရာသို့ သွားလိုက်သည်။

"မမ မနေ့က ညီမပြောတဲ့ ကိစ္စကို Lucas ဆီ သွားပြောလိုက်‌သေးတယ်လား၊ အခု ညီမကို မြတ်နိုးက ပြဿနာရှာနေလို့"

"ဟင် ညီမနာမည်ကို အမမပြောလိုက်ပါဘူး၊ နောက်ထပ် မြတ်နိုးက ညီမကို ပြဿနာရှာရင် ပြော၊ အမ သူနဲ့ မျက်နှာချင်းဆိုင် ‌တွေ့ပြီး ညီမကို ပြဿနာမရှာဖို့ပြောလိုက်မယ်"

"ဟုတ်မမ Lucas က လည်း ဘာမှန်းမသိဘူး😒"

အရှေ့ဘက်သို့ မျက်နှာမူပြီးစကားပြောနေသော ယူမီက စုကိုတို့ စကားပြောနေသော အနောက်ဘက်ကို လှည့်လိုက်သည်။

ယူမီ: " အယ် မမ စုကို ဘယ်လိုလုပ်ပြီး G-8 တွေကြားရောက်နေတာလဲ"

စုကို: "ဪ သုနှိုင်းစံကခေါ်လို့လေ၊ G-8 တွေကြားမရောက်ပါဘူး ယူမီရဲ့၊ အနောက်မှာ G-9  တွေချည်းပဲကို "

တကယ်လို့ Where stories live. Discover now