👑✨part-4✨👑

124 17 13
                                    

(uni code)

(အကယ်၍သာ စာပြန်မပို့ခဲ့ရင်)

စုကိုသည် သူငယ်ချင်းတစ်ယောက်ရ၍ပျော်နေလေသည်။ Lucas က စုကို ကို အမြဲစကားပြောသည်။

စုကို၌စကားပြောစရာလူတစ်ယောက်တိုးလာ၍ပို၍ပင်ပျော်နေသည်။ တွေ့ဆုံခြင်းဆိုတာခွဲခွာခြင်းရဲ့ အစဆိုတာကို စုကိုတစ်ယောက်ကြိုသိလိုက်လျှင် ...................

🤳(စုကိုနှင့် Lucas တို့ ဆက်သွယ်ခဲ့သည်မှာ Tik Tok app ၌သာဖြစ်သည်၊ story တစ်ပုဒ်လုံး၌ Tik Tok app ၌ သာဖြစ်ခဲ့ကြသည်)🤳

မနက်အိပ်ရာထ၍ ဖုန်းသုံးလိုက်သောအခါ Lucas က စုကို ကို mentionခေါ်ထားလေသည်။ video ရဲ့ caption က
"Crush ကြီးရေ အဖြေပေးတော့လေဆိုပြီး ကိုယ့် crush ကို mention ခေါ်ပြီးမေးလိုက်''ဆိုတာ ဖြစ်သည်။

Lucas က ကောင်းထက်အပါအဝင်တစ်ခြားသူများကိုလည်း mentionခေါ်ထားသေးသည်။ စုကို ပထမဆုံး mention ခေါ်ထားတော့ စုကိုတစ်ယောက်ရင်ခုန်နေလေသည်။သို့သော် စုကိုက

" သူက ရွှေရည်ကြိုက်တာလေ ၊ ငါ့ကိုမှမဟုတ်တာ " ဆိုပြီး သူကိုသူ သတိပြန်ကပ်ရလေ၏။

စုကိုက Lucas ရဲ့ mention ကို like ပေးလိုက်သည်။ တစ်ခဏအကြာတော့ ပျော်သည့်ပုံစံမျိုးနှင့် Lucas က

"ကျွန်တော် အမကို mention ခေါ်ထားတဲ့ cm ကို like ပေးတယ်??😃😄''

စုကိုသည် မာနကို ရှေ့တန်းတင်ကာ

"အမ်..... ငါ့ကို mentionခေါ်လို့ like ပေးလိုက်တာလေ၊ ဝင်မှ မကြည့်တာ။😑'

"‌ဪ၊ဟုတ်ကဲ့☹️"

Lucas တစ်ယောက် ဝမ်းနည်းသွားပုံပေါ်သည်။ စုကိုက မကြည့်ဘူးလို့ပြောခဲ့ပေမဲ့လည်း အဲ့ Vd ကို အထပ်ထပ်အခါခါကြည့်ရင်း အတွေးပေါင်းများစွာနှင့်ကြည်နူးနေလေသည်။
(Tik tok မှာဆိုတော့ Vd ‌ကိုပဲကြည့်လို့ရ ၊ Vd အောက်မှာပဲ comment မန့် /mentionခေါ်လို့ ရလို့ပါ)
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

တစ်မနက်ခင်းလုံး Lucas နှင့် စုကိုတို့ အ‌ေကာင်း၊ နေ့လည်ကျ Lucas က ကောင်းထက်ကို metionခေါ်ပြီး caption ကို "bro , ရော ဘယ်လိုလဲ😏 '' ဆိုပြီး ရေးကာ girl and boy couple photosတွေကို တင်လိုက်သည်။
ကောင်းထက်နှင့် Lucas တို့ ထို video ၏ cm တွင်ရေးထားကြသည်က စုကို အကြောင်းဖြစ်သည်။ ထိုထဲတွင် ကြွက်စုတ်လေးဆိုတာတောင်ပါလိုက်သေးသည်။ စုကိုသာ် သူ့ကို ကြွက်စုတ်ဟု ခေါ်လျှင်မကြိုက်၊ ကောင်းထက်က စုကို ကို ကြွက်စုတ်ဟု မကြာခဏခေါ်သည်။ ထိုကိစ္စနှင့်ပတ်သတ်၍လည်း စုကိုနှင့်ကောင်းထက်တို့ အမြဲရန်ဖြစ်ကြသည်။ ယခုအခါတွင်လည်း Lucas က စုကိုကို " ကြွက်စုတ်လေး" ဆိုပြီးရေးထားလိုက်သည်။ စုကိုတစ်ယောက်ဒေါသထွက်သွားသည်။
ထို videoကို မတွေ့ခင်က စုကို သူ့မေမေနှင့်စကားများခဲ့ကြသည်။ စုကို တီဗီကြည့်နေတာကို သူ့မေမေက ပိတ်ပစ်လိုက်ပြီး စုကို ကို ဆူလိုက်လို့ စိတ်မကြည်ဖြစ်နေသည်။ အခု Lucas တင်ထားသည့် Videoကို တွေ့လိုက်ရသည့်အခါ စုကို၏ ဒေါသသည် ငယ်ထိပ်ရောက်သွားသလားလို့တောင် ထင်ရသည်။

တကယ်လို့ Donde viven las historias. Descúbrelo ahora