👑✨Part-2✨👑

208 19 8
                                    

(uni code)

(စုကို အကြောင်း)

စုကိုဆိုတဲ့ မိန်းကလေး၊ သူမရဲ့ကျောင်းနာမည်က ဟန်ချစ်စုကို။ သူမက တစ်ဉီးတည်းသော သမီးမို့ သူ့မိဘတွေကလည်း အလွန်ကိုချစ်၊ ဂရုစိုက်ကြသည်။

သို့ပေမဲ့လည်း စုကို သူ့မိဘများက အလိုမလိုက်ကြပါ။ စည်းနှင့်ကမ်းနှင့် နေထိုင်ရသည်။ စုကိုသည် ငယ်စဉ်ကတည်းက အဆိုတော်မင်းသားတစ်ဉီးကို စွဲစွဲမြဲမြဲကြိုက်ခဲ့သည်။ ထိုမင်းသားမှာ ဂျပန်လူမျိုးဖြစ်၍ ဂျပန်နိုင်ငံသို့သွားရောက်နေထိုင်ရန် စိတ်ပြင်းပြနေလေသည်။ သူမဘယ်‌‌ေလာက်‌ေတာင်စိတ် ပြင်းပြနေသလဲဆိုရင် ကျောင်း၌သူမကို ဂျပန်ရူးဟူ၍ပင် ခေါ်ကြလေသည်။
သို့သော် စုကို တစ်ယောက် စိတ်မဆိုးသည့် အပြင် ထိုသို့ခေါ်လျှင်ပို၍ပင် သဘောကျနေလေသည်။ ထိုကဲ့သို့ ဂျပန်မင်းသားအဆိုတော်ကို စွဲလမ်းနေသောစုကိုသည် ထိုမင်းသားနှင့် စုကို‌၏ဖေဖေမှလွဲ၍ မည်သူ့ကိုမှယောကျာ်းလေးဟူ၍မသတ်မှတ်ချေ။ ထို့အတူထိုမင်းသားမှလွဲ၍မည်သူ့ကိုမှလည်း စိတ်မဝင်စားချေ။

စုကိုသည် မျက်နှာဝိုင်းဝိုင်းကလေး‌နှင့် ပုပုသေးသေးလေးမို့ ချစ်စရာကောင်းသည်။ ပိန်ပိန်သေးသေးလေးဖြစ်သော်လည်း အသံကျယ်ကျယ်နှင့်စွာတတ်သည်။ ယောကျာ်းကလေး‌တစ်ယောက်နှင့် လုံးဖက်၍ရန်ဖြစ်ရန်လည်းဝန်မလေးချေ။ ထို့ကြောင့် သူမအတန်းထဲ၌ ဖိုက်တာလို ပုံစံသဘောရှိသည်။ ထို့ကြောင့် အတန်းထဲက ယောက်ျား‌ကလေးဆိုရင် သူမထံ မကပ်ရဲချေ။

သူမပုံစံမှာ သူမသူငယ်ချင်းတွေရှေ့၌ ပျော်ပျော်နေတတ်သော funny typeရှိပေမဲ့လည်း သူမနှင့် မသိသောသူရှေ့၌ မျက်နှာထားတင်းပြီးခပ်ချေ‌ချေပုံစံရှိသည်။ ထို့ကြောင့်လည်းတော်ရုံတန်ရုံယောကျာ်းလေးသည် သူမထံနားသို့ ချဉ်းကပ်ရန်မလွယ်ကူချေ။

စုကိုသည် သဘောကောင်းသည်။ ရိုးသားသည်။ ပွင့်ပွင့်လင်းလင်းပြောတတ်သည်။ အတန်းထဲ၌ အားလုံးနှင့် အဆင်ပြေသည်ဆိုသော်လည်း သူငယ်ချင်းများများစားစားမရှိ သူနှင့်စိတ်တူကိုယ်တူသူငယ်ချင်းများနှင့်သာပေါင်းသည်။ တစ်ဉီးတည်းသော သမီးပီပီတစ်ယောက်တည်းနေတတ်သည်။
ယောကျာ်းလေးကိစ္စလည်း ကင်းရှင်းသည့်အတွက် စိတ်ပူစရာမရှိချေ။

တကယ်လို့ Where stories live. Discover now