👑✨part-6✨👑

97 20 14
                                    

(uni code)

(💝2.1.2020💝)

ဒီဇင်ဘာကျောင်းပိတ်ရက်ပြီး၍ ‌ကျောင်းဖွင့်ချိန်သို့ ရောက်လာသည်။စုကို တစ်ယောက် Lucas မနက်စာစား/မစားကို မသိစိတ်ကစိတ်ပူနေသည်။

"ဪ သူက ငါနဲ့မှ မဆိုင်တာ စိတ်ပူရမှာဆိုလို့ သူ့ရည်းစားကပဲစိတ်ပူ‌ရမှာလေ၊ ငါက ပူနေရမှာ မဟုတ်ဘူး"

ဟု စုကို ကိုယ့်ကိုကိုယ်သတိပြန်ကပ်ထားရသည်။အချစ်ဆိုတဲ့အရာ သက်မဲ့ဖြစ်သော်လည်း သက်ရှိလူသားများကို ပူလောင်မှုကို ပေးစွမ်းနိုင်သည်ကော........။
စုကို ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း ဖြစ်ပျက်ခဲ့ပုံများကို သူမ၏ အခင်ဆုံးသူငယ်ချင်းမေချမ်းကို ပြောပြချင်၍ ကျောင်းသို့စောစောရောက်ချင်နေလေသည်။ အထူးသဖြင့် Lucas နှင့် တွေ့ဆုံခဲ့ပုံကို ပြောပြချင်နေသည်။ သို့သော် ထိုနေ့က ဖယ်ရီကား‌က (၁၅) မိနစ်ခန့်နောက်ကျသည်။ ဖယ်ရီပေါ်ရောက်တော့ ကောင်းထက်က

"နင် Lucas ပြန်မအိပ်တဲ့အကြောင်းကို သိသွားပြီလား"

"အင်း၊သိသွားပြီ၊ နင်မပြောလည်း ဖြစ်တယ်လို့မပြောခဲ့ဘူးလား hahaha 🤣"

စုကို ဂုဏ်တက်နေသော လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ကနေ့ ကျောင်းမှာ Academic day အတွက် Project တွေပဲ လုပ်ရမှာတဲ့"

"Hahaha ပျော်လိုက်တာ၊ စာမသင်ရတော့ စာကျက်စရာမရှိဘူး၊ စာကျက်စရာမရှိတော့ ကနေ့ ည ဖုန်းကိုင်လို့ရပြီ ရေး ပျော်တာ"

စုကို တစ်ယောက် အပျော်မြူးနေတာကို ဖယ်ရီတစ်ကားလုံး အထူးအဆန်းနှင့် စုကို ကို ကြည့်နေကြသည်။

" ငါ့ကို ဘာလို့ စိုက်ကြည့်နေကြတာလဲ" စုကို ရန်ထောင်လိုက်သည်။

" hahaha စာမသင်ရတာကို အမဒီလောက်အပျော်မြူးနေတာ ထူးဆန်းလို့ ဒါနဲ့ အမ Lucas နဲ့ ခင်သွားပြီပေါ့??"

အချူးဆိုသည့် ‌ညီမလေးက ကြားဖြတ်ဝင်ပြောလိုက်သည်။

"အင်း ငါ့ကို ရွှေရည်နဲ့သူက အောင်သွယ်ခိုင်းနေသေးတယ် hahaha"

တကယ်လို့ Donde viven las historias. Descúbrelo ahora