🍁Daffodils:အပိုင်း(၄)ဒီခံစားချက်ကဘာလဲဆိုတာမသေချာဘူး
အပျင်းကြောတစ်ချက်ဆန့်လိုက်ပြီး လေတစ်ချက်ရှုသွင်းလိုက်တော့နှာခေါင်းထဲ ဝင်လာတဲ့အနံ့ကြောင့်အိပ်ပျော်နေတာ အိမ်မှာမဟုတ်မှန်း နွေဦးသိလိုက်တယ်။မျက်လုံးကိုကြည်သွားအောင်ဖွင့်ပိတ်၂ကြိမ်လောက်လုပ်ပြီးမတ်တပ်ရပ်မယ်လုပ်တော့ အသားကုန်ကွေးထားမိတဲ့ခြေထောက်တွေက လက်မခံ...
"ကျစ်!!ခြေထောက်ကျဥ်လိုက်တာ"
နွေဦး ဖိနပ်တောင် မစီးနိုင်သေးပဲ ခြေထောက်ကိုမလှုပ်မယှက်နဲ့အရင်ထိုင်နေရသေးတယ်။နွေးနေတဲ့ခန္ဓာကိုယ်ကို အအေးဓာတ်မရောက်အောင်ကာကွယ်ပေးနေတဲ့အရာကိုကြည့်လိုက်တော့ မီးခိုးရောင် ဆွယ်တာလေး။မနက်ကမိုးပင်လယ်ဝတ်ထားတာကိုတော့တွေ့လိုက်သား...
သူချမ်းပြီးကွေးနေတာကို မမြင်ချင်လို့ ချွတ်ပြီးလာခြုံပေးထားတာဖြစ်ရမယ်။အဲ့လူလဲတစ်မျိုးပဲ..မိုးစိုတာကို မြင်ရတာမနေနိုင်ဘူးဆိုပြီး ထီးကိုလဲသူမဆောင်းပဲပေးလိုပေး...ခုလဲ ချမ်းစီးနေတဲ့ရာသီဥတုမှာ အနွေးထည်ကိုမဝတ်ဘဲနွေဦးကိုခြုံပေးထားပြန်တယ်။
နွေဦး အင်္ကျီကိုကိုင်ကြည့်နေတုန်းမှာမိုးပင်လယ်ကနာ့စ်ဖြူနှင်းနဲ့စကားပြောရင်း နားနေခန်းထဲဝင်လာတယ်။နွေဦးကိုမြင်တော့ မျက်ခုံးတစ်ချက်ပင့်ကာပြုံးပြပြီး...
"နိုးနေပြီလား"လို့မေးတယ်။ပြီးတော့ ဖြူနှင်းနဲ့စကားပြောပြီး ပြန်ထွက်သွားပြန်ရော။ခဏကြာတော့မှ ခွက်တစ်ခုကိုင်ကာပြန်ဝင်လာပြီး နွေဦး ကို လာပေးပြန်တယ်။
"အင့်...ရေနွေးသောက်လိုက်...စိတ်ကြည်သွားအောင်"
နွေဦး မျက်လုံးတစ်ချက်ပဲလှန်ကြည့်ပြီးလှမ်းယူလိုက်တယ်။မိုးပင်လယ်က နွေဦးရှေ့တည့်တည့်မှာရပ်နေတာမို့ ခြေထောက်ကို သူနဲ့မထိအောင် သတိထားနေရတယ်။သတိထားကာမှ မိုးပင်လယ်ကရိပ်မိသွားပြီး..
"ခြေထောက်က ဘာလို့လဲ..ဘာလို့မထိအောင်ရှောင်နေတာလဲ"
"ဘာမှမဖြစ်ဘူး..ဖိထားတာကြာတော့...."နွေဦးစကားတောင်မဆုံးလိုက်ရဘူး။မိုးပင်လယ်က..."ကျဥ်နေတာလား" လို့ပြောပြီး ဒူးထောက်ထိုင်ချလိုက်ကာ ခြေထောက်ကို ဆိုးဆိုးဆက်ဆက်နဲ့ဆုပ်ကိုင်နှိပ်ချလိုက်တာမို့...
"အ!!ခင်ဗျားဘာလုပ်တာလဲဗျ...ကျဥ်နေပါတယ်ဆိုမှ..သေပါပြီ"
ESTÁS LEYENDO
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...