•Yes or Yap!
မိုးပင်လယ် ဟိုတယ်မှာတစ်ညပဲအိပ်ပြီး မဲဘာန်းကိုပြန်ဆင်းလာခဲ့ချင်ပေမယ့် ကုမ္ပဏီကြီးတစ်ခုရဲ့ဥက္ကဌတာဝန်က သူ့ကိုနေမထွက်ခင်ကတည်းက အလုပ်များစေတယ်။သူလိုက်မမီသေးတဲ့အလုပ်ကိစ္စတွေလဲအများကြီးရှိတာမို့ မရပ်မနားဆက်တိုက်လုပ်တာတောင် ၃ပါတ်လောက်ကြာသွားတယ်။နွေဉီးဘေးမှာမရှိတဲ့ ၃ပါတ်က ၃ကမ္ဘာလောက်ကြာတာမို့ သူအရမ်းလွမ်းနေပြီ။
သူဖုန်းဆက်ဖို့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ နွေဉီးဆီကစာတစ်စောင်ဝင်ထားတယ်။ခွဲခန်းဝင်မှာမို့ သူမအားတဲ့အကြောင်း စာပို့ထားတာ။နှစ်ယောက်လုံး အလုပ်မအားကြတဲ့လူတွေမို့ စကားပြောရတာလဲ ပြတ်တောင်းပြတ်တောင်းရယ်။သူဒီအခြေအနေတွေကိုအဆုံးသတ်လိုက်ချင်ပြီ။
လည်ပင်းကနက်ကတိုင်ကို လက်နဲ့ဆွဲကာဖြေလျော့ရင်း ဟိန်းထက်ဆီကိုဖုန်းခေါ်လိုက်တယ်။
"ဟိန်းထက်...အပ်ထားတဲ့ပစ္စည်းရပြီလား"
"ရပြီဘော့စ်...ကျွန်တော်ကုမ္ပဏီကိုပဲယူလာပေးရမလား"
"အင်း...ဒီကိုပဲယူလာလိုက်..."
ခဏကြာတော့ တံခါးခေါက်သံကြားရပြီး ဟိန်းထက်ကအခန်းထဲဝင်လာတယ်။ပြီးတော့ ကတ္တီပါဘူးသေးသေးလေးကိုသူ့ဆီလှမ်းပေးတယ်။
"ဒီမှာပါဘော့စ်..စစ်ကြည့်လိုက်ပါဉီး"
"အင်းထားခဲ့လိုက်...ခုတလောကုမ္ပဏီမှာမင်းခဏနေလိုက်...ငါမဲဘာန်းကို သွားမလို့"
"တစ်ယောက်ထဲအဆင်ပြေပါ့မလား"
"ပြေတယ်!"
ဟိန်းထက်က ခပ်ပြုံးပြုံးနဲ့ခေါင်းညိတ်ပြပြီး အခန်းထဲကထွက်သွားတယ်။မိုးပင်လယ် သူ့စားပွဲပေါ်က ကတ္တီပါဘူးလေးကို ယူပြီးဖွင့်ကြည့်လိုက်တော့ တစ်လက်လက်တောက်ပနေတဲ့ အမျိုးသားဝတ်လက်စွပ်၂ကွင်းရှိတယ်။စိန်အပြာလေးနဲ့က နွေဉီးအတွက်ဖြစ်ပြီး စိန်အဝါလေးနဲ့က သူ့အတွက်ဖြစ်တယ်။
ရှားပါးတဲ့ကျောက်မျက်အရည်အသွေးနဲ့ဒီဇိုင်းတွေအတွက် အဲ့ဒီ့ရတနာဆိုင်ကိုတော့ သူReviewကောင်းကောင်းပေးရမယ်။
လက်စွပ်လေး၂ကွင်းအတူယှဉ်လျက်ရှိနေတာတောင်တော်တော်လေး သဘောကျစရာကောင်းလို့ သူချက်ချင်းပဲနွေဉီးလက်သူကြွယ်လေးမှာစွတ်ချပေးလိုက်ချင်ပြီ။နွေဉီးရဲ့လက်သွယ်သွယ်လေးတွေနဲ့သာဆို ဘယ်လောက်လှလိုက်မလဲ...သူတွေးနေရုံနဲ့တင် အားမရတော့တာမို့ဘူးလေးကိုအဖုံးပြန်ပိတ်ပြီး ကုတ်အင်္ကျီအိတ်ထဲထည့်ကာ မတ်တပ်ရပ်လိုက်တယ်။

VOCÊ ESTÁ LENDO
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...