"ဆရာ...အဝတ်အစားထုပ်ကိုဒီမှာထားခဲ့ပြီနော်...ထမင်းချိုင့်ကတော့ကျွန်တော်ခဏနေမှယူလာခဲ့ပေးမယ်"
"ကျေးဇူး ကိုကျော်ဦး...ထမင်းချိုင့်ကမလောလဲရပါတယ်...သြော်ပြီးတော့ မနေ့က ထမင်းချိုင့်လေး ပြန်ယူသွားပါဦး...ကျွန်တော်ဆေးပေးဖို့ အချိန်မရတော့လို့"
နွေဦး အလုပ်စားပွဲကနေထပြီး စင်ပေါ်တင်ထားတဲ့ထမင်းချိုင့်ကိုယူကာကိုကျော်ဦးလက်ထဲထည့်လိုက်တယ်။ကိုကျော်ဦးက ထမင်းချိုင့်ကိုလက်နဲ့ ဆ ကြည့်ပြီး...
"ဆရာ...ထမင်းကစားရောစားထားရဲ့လား...မနေ့ကကျွန်တော်ယူလာတော့လဲ ဒီအလေးချိန်ပဲ"
နွေဦး ဖွဖွလေးပြုံးပြီး...
"စားပါတယ်ဗျာ.."
"အကုန်တော့စားထားပုံမပေါ်ဘူး..ဟိုလေ ကျွန်တော့်အမျိုးသမီးချက်တာ ဆရာခံတွင်းမတွေ့လို့လား"
"မဟုတ်ပါဘူးကိုကျော်ဦးရယ်...အစ်မချက်တာစားကောင်းပါတယ်...ကျွန်တော်မနေ့ကမအားလို့ "
"သြော်ဟုတ်ကဲ့...ကျွန်တော့်ကိုခွင့်ပြုပါဦး"
နွေဦး ခေါင်းညိတ်ပြလိုက်တော့ ကိုကျော်ဦးက စိတ်မကောင်းဖြစ်တဲ့မျက်လုံးတွေနဲ့ တစ်ချက်ကြည့်ပြီး ရိုရိုကျိုးကျိုးထွက်သွားတယ်။သူ အဲ့လိုအကြည့်တွေနဲ့နေသားကျသလိုတောင်ဖြစ်နေပြီ။လူနာChartမှာရေးစရာရှိတာတွေ လက်စသတ်လိုက်ပြီး ရေချိုးဖို့တွေးလိုက်တယ်။ညနေ၄နာရီက မဲဘာန်း ရဲ့နိုဝင်ဘာအတွက်ဆို ရေချိုးဖို့နောက်ကျနေပြီ။
နွေဦး အဝတ်အစားအိတ်ကိုကိုင်ပြီး ကိုကျော်ဇင်ထွဋ်ကို ကြည့်လိုက်တော့ သူ့ကိုမျက်မှောင်ကျုတ်ပြီးကြည့်နေတယ်။သူ ထပ်အဆူခံရဦးမယ်ထင်တယ်။
"ကိုထွဋ် ကျွန်တော်ရေသွားချိုးလိုက်ဦးမယ်...အရေးတကြီးဆို ကျွန်တော်ဆေးရုံမှာပဲရှိနေမှာမို့...လာသာခေါ်..."
"နွေဦး!!မင်းအိမ်မပြန်တော့ဘူးလား...ခုနိုက်ဂျုတီကိုအဆက်မပြတ်ဝင်နေတာ ဘယ်နှစ်လရှိနေပြီလဲ"
သူဘာမှပြန်မပြောပဲြငိမ်ငြိမ်လေးပဲရပ်ပြီးနားထောင်နေလိုက်တယ်။ပြန်ပြောစရာ ဆင်ခြေလဲသူ့မှာကောင်းကောင်းမွန်မွန်မရှိဘူး...သူအိမ်မပြန်ချင်တာပဲသိတယ်။သူငြိမ်နေတော့ ကိုထွဋ်ကပိုဒေါသထွက်လာပြီးအသံပိုကျယ်လာတယ်။
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...
![?Daffodils[Complete]](https://img.wattpad.com/cover/266924640-64-k177497.jpg)