🍁Daffodils_Extra.1

2.3K 48 0
                                        

•Married life Story:အချစ်ခံရတာလဲပြဿနာပဲ

"ခင်ဗျား ဘာလို့ အဲ့လိုပြောရတာလဲ..."
နွေဉီး အသံက ပြတ်တောင်းပြီး မာကျောနေမှာ သေချာတယ်။သူအသံကိုပျော့လိုက်ဖို့လဲစိတ်ကူးလဲမရှိဘူး။

"နွေဉီးကကိုယ်နဲ့အမွှာလေးတွေကိုမှ ဂရုမစိုက်တာပဲလေ.."

"ကျွန်တော်က ဆရာဝန်!ကျွန်တော့်ကိုလိုအပ်နေတဲ့လူနာတွေရှိတယ်"

"ကိုယ်ရော မေပါယ်နဲ့ပင်လယ်ရော မင်းကိုလိုအပ်တာပဲ..ကိုယ်တို့ကျတော့ရော!"

နွေဉီးပြန်မဖြေပဲ နှုတ်ခမ်းနှစ်လွှာကို တင်းတင်းဖိပိတ်ထားလိုက်တယ်။နံရံကပ်ပေပါ အဝါရောင်နဲ့ အပြာရောင်လေးကို အချိုးကျကျကပ်ထားတဲ့ အိမ်လေးထဲမှာ နွေးထွေးမှုက နည်းနည်းပျောက်ရှနေတယ်။အဖေနှစ်ယောက်ကြားက ကတောက်ကဆ ဖြစ်ရပ်က အမွှာလေးတွေကိုထိတ်လန့်စေတယ်ထင်တယ်။

နွေဉီးပင်လယ်လေးက လန့်ပြီး ထငိုတော့ သူ့ထက် ဆယ့်ငါးမိနစ် စောမွေးတဲ့ နွေဉီးမေပါယ်လေးက သူ့လက်တိုတိုသေးသေးလေးတွေနဲ့ သူ့မောင်လေးကို ပုတ်ပြီးနှစ်သိမ့်ပေးတယ်။ဒါပေမယ့်လို့မေပါယ့်ရဲ့မျက်လုံးဝိုင်းဝိုင်းလေးထဲမှာ လဲ မျက်ရည်လေးတွေရစ်ဝိုင်းနေပြီ။

နွေဉီး ကလေးတွေကို ပွေ့ဖက် ချော့မြူရင်း...

"တော်ပြီ!ကျွန်တော်တို့ ပြီးမှဆက်ပြောမယ်"

မိုးပင်လယ်ခေါင်းညိတ်ပြလိုက်ရင်း အမွှာလေးတွေနားမှာ ဝင်ထိုင်လိုက်တယ်။ပြီးတော့ ဖောင်းနေတဲ့ ပါးအိအိလေးတွေကို သူ့နှာခေါင်းနစ်မြုပ်တဲ့အထိ မွှေးကြူလိုက်ရင်း တစ်ဆက်တည်း နွေဉီးရဲ့ လျှော်ပြီးစဆံပင်တွေကိုပါ နမ်းရှိုက်လိုက်တယ်။

နွေဉီးက ခပ်တည်တည်မော့ကြည့်တော့ သူရယ်ကျဲကျဲလုပ်ပြရင်း..

"ဘာဖြစ်လဲ ရန်ဖြစ်တာကဖြစ်တာပဲ...ကိုယ့်မိန်းမကို နမ်းတာကနမ်းတာပဲ!"

နွေဉီး မျက်နှာကပိုတည်သွားပြီး..

"ကလေးတွေရှေ့မှာမနမ်းနဲ့..."

နွေဉီးရဲ့အသံက ပြတ်ရှနေပြီး ခံစားချက်အချို့ကိုမြိုသိပ်ထားတဲ့ပုံပေါက်နေတာမို့ မိုးပင်လယ် မျက်မှောင်ကျုံ့သွားရတယ်။
အရာအားလုံးကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးတွေးခေါ်တတ်တဲ့ နွေဉီးက မေပါယ်၊ပင်လယ်နဲ့ပါတ်သတ်ရင် ပိုပြီးအထိမခံဖြစ်တတ်တယ်။သူလဲ တတ်နိုင်သမျှဆင်ခြင်ပါတယ်။ခုလဲခေါင်းလေးပဲနမ်းလိုက်တာကို...သူ့ကိုအဲ့လောက် အသံမာမာနဲ့ပြောစရာလိုလို့လား။

?Daffodils[Complete]Место, где живут истории. Откройте их для себя