🍁Daffodils:အပိုင်း(၁၀)သစ်ကိုင်းကျိုးဖန်တဲ့ဖူးစာ
နွေဦးရယ်မောနေတဲ့ လူစုကို ထားခဲ့ပြီး ခပ်လှမ်းလှမ်းကိုထွက်လာခဲ့တယ်။ ဘာမှန်းမသိဘဲ သူနဲ့မဆိုင်သလိုခံစားနေရတာကြောင့်လဲပါတယ်။လူစုကိုလှမ်းမြင်နေရပေမယ့်လဲ အသံကိုတော့ခပ်သဲ့သဲ့ပဲကြားနိုင်လောက်တဲ့နေရာမှာရပ်လိုက်တယ်။သူနှင်းစိုနေတဲ့မြက်ခင်းပေါ်လှဲချလိုက်တော့ ကြယ်စုံနေတဲ့ကောင်းကင်နဲ့မျက်နှာချင်းဆိုင်ဖြစ်သွားတယ်။
တော်တော်လေးကြာတဲ့အထိကောင်းကင်ကိုကြည့်ပြီး သူထမယ်အလုပ်မှာတော့ နွေးထွေးတဲ့ လက်တစ်ဖက်က သူ့နဖူးကိုဖိပြီးတားမြစ်တာကိုခံလိုက်ရတယ်။နွေဦး မျက်လုံးလှန်ကြည့်လိုက်တော့ မိုးပင်လယ်ကပြုံးပြပြီး နွေဦးဘေးမှာဝင်လှဲတယ်။
"ဝိုး..လှလိုက်တာ...မြင်ကွင်းကောင်းကို တစ်ယောက်ထဲလာကြည့်နေတယ်"
သူဘာမှပြန်မပြောမိဘူး။ဘာမှပြန်မပြောတော့ မိုးပင်လယ်ကပဲဆက်ပြောလာတယ်။
"မွေးနေ့က ၁၁ ရက်နေ့ဆို..."
"အင်း..ဘယ်လိုသိတာလဲ"
"ခေမီပြောတာ...ကလေးလေးမွေးနေ့အကြောင်းပြောရင်းနဲ့ နွေဦးနဲ့ မွေးရက်တူတာပဲ ဆိုပြီးပြောဖြစ်သွားတာ"
"နောက်ကွယ်မှာကျွန်တော့်အတင်းပြောနေကြတာလား"
နွေဦးစကားကြောင့် မိုးပင်လယ်က ဟက်ဟက်ပက်ပက်ရယ်ကာ...
"အတင်းမဟုတ်ရပါဘူး..နွေဦးမွေးနေ့ ကို ဘယ်သူမှမသိကြလို့နာ့စ်တွေတောင်စိတ်မကောင်းဖြစ်နေကြတာ"
နွေဦးရယ်လိုက်ရင်း..
"ရပါတယ်..ကိုရီးယားမဟုတ်တော့ ရေညှိဟင်းချိုလဲသောက်စရာမှမလိုတာ...မွေးနေ့ကတော့ကို်ယ့်ဟာကိုယ်တောင်မေ့နေတာ""ဟုတ်ပါပြီ...နွေဦး သိလား!ကိုယ့်မွေးနေ့လဲ ၁၁ရက်နေ့ပဲ"
"ဟုတ်လား..!!."
နွေဦး အံ့ြသသွားတာမို့ ဘေးကိုခေါင်းလှည့်ပြီးမေးလိုက်တော့ မိုးပင်လယ်ကလဲ နွေဦးဘက်ကို ခန္ဓာကိုယ်စောင်းလိုက်ပြီး ခေါင်းကို လက်နဲ့ထောက်ကာနွေဦးကိုမိုးကြည့်ရင်းခေါင်းညိတ်တယ်။ပြီးအံကြိတ်ကာ...
![](https://img.wattpad.com/cover/266924640-288-k177497.jpg)
ESTÁS LEYENDO
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...