🍁Daffodils:အပိုင်း(၁၉)ကျွန်တော်MaMa boyနဲ့တော့မတွဲချင်ဘူး
အလုပ်နားရက်တုန်းကသူတို့နှစ်ယောက်စကားပြောပြီးနောက်ပိုင်းမှာ နွေဉီးပဲစိတ်ထင်နေလို့လားမသိပေမဲ့ သူနဲ့မိုးပင်လယ်ရဲ့ကြားကလေထုက အေးတိအေးစက်ဖြစ်နေသလိုပဲ။မိုးပင်လယ်ကအရင်လို မနက်လင်းရင် 'မောနင်း' လို့နှုတ်ဆက်တုန်း...မနက်စာချက်ပေးတုန်းဆိုပေမဲ့ မနက်စာအတူတူမစားတော့သလို အရင်လို စစ နောက်နောက်လဲမရှိတော့ဘူး။
အထူးသဖြင့် ခွဲစိတ်ခုံရဲ့ မျက်နှာချင်းဆိုင်မှာ မိုးပင်လယ်ကိုမမြင်ရတာအဆင်မပြေဘူး။နွေဉီးစိတ်ထဲမှာ တော့ အတူတူထိုင်နေကျအတန်းထဲကသူငယ်ချင်းက ဘာမပြောညာမပြောနဲ့ ကိုယ့်ကိုတစ်ဖက်သတ်ကြီး စိတ်ကောက်မခေါ်မပြောလုပ်ပြီး အခြားလူတွေနဲ့ပဲသွားပေါင်းနေတာကိုမြင်နေရတဲ့ ခံစားချက်မျိုးပဲ။
စိတ်ထဲမှာ တကယ်ကိုကလိကလိနဲ့ လုံးဝအဆင်မပြေဘူး။သူအရင်တုန်းကတော့ ဒီလိုမျိုးဆို ဒီတိုင်းပဲ လွှတ်ထားလိုက်တတ်ပေမဲ့ ခုကတော့မတူဘူး။ဘာကမတူတာလဲမေးရင်တော့ အဲ့လူကမိုးပင်လယ်ဖြစ်နေလို့ကိုမတူတာ။ဘယ်လိုပဲဖြစ်ဖြစ်နွေဉီး ကသူတို့၂ယောက်ရဲ့ဆက်ဆံရေးကိုအလေးထားလို့ ဘာကမှားနေလဲဆိုတာသိရမြှဖစ်မယ်။ဆုံးဖြတ်ပြီးတဲ့ချက်ချင်းပဲ ဖုန်းကိုထုတ်ပြီး စာပို့ထားလိုက်တယ်။အမှားဆိုတာ အမှန်ဖြစ်လာဖို့ပဲဆိုတော့ နွေဉီးကမှားခဲ့တယ်ဆိုရင် အမှန်ပြင်ပေးဖို့အဆင်သင့်ပဲ။
ခွဲခန်းထဲကထွက်ထွက်ခြင်း မိုးပင်လယ်ဖုန်းကိုကိုင်လိုက်တော့ နွေဉီးဆီက စာဝင်ထားတာကိုတွေ့ရတယ်။'အေးအေးဆေးဆေးစကားပြောရအောင်' ဆိုပြီး ပို့ထားတာ။မိုးပင်လယ် နည်းနည်း အံ့သြပြီး ရင်ထဲထိသွားတာတော့အမှန်ပဲ။နွေဉီး ကဒီလိုပို့လာပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်ပြင်ဆင်ချင်မယ်လို့သူထင်မထားခဲ့ဘူး။ခုတော့စကားပြောဖို့အကြောင်းဖန်လာပြီဆိုတော့ ပြောကိုပြောရတော့မှာပဲ...အစက တတွဲတွဲ ဖြစ်ခဲ့ဖူးတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို သူပဲသိသိသာသာကွဲကွာအောင်လုပ်နေတာဆိုတော့။ဝင်ထားတဲ့ စာတိုကို အကြာကြီးစိုက်ကြည့်နေပြီမှ မိုးပင်လယ်ပြန်စာပို့လိုက်တယ်။
----------------------
နွေဉီး ညနေစောင်းထဲက စိတ်ထဲမှာ နေမထိထိုင်မသာခံစားနေရတယ်။ညရောက်ရင်စကား ပြောမယ်ဆိုပြီး အခုထိကို မိုးပင်လယ်ရဲ့အရိပ်ကို မမြင်ရသေးဘူး။နွေဉီးစိတ်ထဲမှာ ဒဲ့ရှင်းဖို့ ဆုံးဖြတ်လိုက်တာ မှားများသွားပြီလားလို့တောင်တွေးမိနေပြီ။
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...