•Married Life Story:ခေါင်းဆောင်ကြီးနဲ့သူ့နောက်လိုက်နှစ်ယောက်အားအရှုံးပေးရခြင်း!
နွေဉီး ကားပေါ်ရောက်ရောက်ချင်းပဲ မိုးပင်လယ်ကပွေ့ဖက်လိုက်ပြီးသူ့ပုခုံးမှာ ခေါင်းဝှက်ထားလိုက်ရင်း....
"အရမ်းလွမ်းနေတာ..."နွေဉီးပြန်လည်ပွေ့ဖက်လိုက်ပြီးမိုးပင်လယ်ရဲ့ကျောပြင်လေးကိုပါဖွဖွလေးပွတ်ပေးလိုက်တယ်။တစ်ခါတစ်လေ မိုးပင်လယ်က အမွှာလေးတွေထက် ပိုကလေးဆန်တယ်။
ဒါပေမယ့် အဲ့ကလေးဆန်မှုကသူ့ကိုစိတ်အနှောက်အယှက်နည်းနည်းလေးတောင် မဖြစ်စေတာမို့ သူသဘောတကျပြုံးလိုက်ရင်း...
"ကျွန်တော်ရောပဲ..."မိုးပင်လယ်ကနွေဉီးရဲ့ပုခုံးစွန်းကို ရွတ်ခနဲနမ်းပြီးကပ်နေတဲ့ ရင်ချင်းကိုမခွာချင်ခွာချင် ခွာလိုက်ကာသူ့နဖူးကိုလဲ ဖိကပ်နမ်းလိုက်သေးတယ်။ပြီးတော့သူ့နဖူးပေါ်က ဆံစလေးတွေကို လက်ချောင်းလေးတွေနဲ့တို့ထိစရင်း..
"နွေဉီး ပင်ပန်းနေပြီလား"
နွေဉီး ခေါင်းခါပြလိုက်ပြီး မိုးပင်လယ်ရဲ့ ရင်ခွင်ထဲကို ပြန်တိုးဝင်ပြီး ရင်ဘက်ကိုတစ်ချက်နမ်းလိုက်တော့ သူချစ်ရတဲ့အမျိုးသားရဲ့နှလုံးခုန်သံက သူ့နားထဲမှာဒုတ်ခနဲ...
သူကသဘောတကျနမ်းရှိုက်လိုက်ပေမယ့် မိုးပင်လယ်ကတော့ အလန့်တကြားနဲ့ တားမြစ်လာတယ်။
"ဟာ နွေဉီးကလဲ ချွေးစော်တွေနံနေတာကို"
"ဟင် ခင်ဗျားကျ နမ်းပြီးတော့"
"နွေဉီးကဘယ်ချိန်ဖြစ်ဖြစ်မွှေးနေတာပဲလေ ကိုယ်ကတစ်ချိန်လုံးတောင်နမ်းနေချင်တာ..သိလား"
မိုးပင်လယ်ရဲ့စကားကြောင့် နွေဉီးမျက်နှာကတော့ ပန်းရောင်လေးသွေးသွားပြီး သူအကြိုက်ဆုံးမျက်နှာအနေအထားကလဲ သူ့ရဲ့စကားကြောင့်ဖြစ်ဖြစ် သူ့အပြုအမူကြောင့်ပဲဖြစ်ဖြစ်နွေဉီးမျက်နှာလေးကချယ်ရီပန်းလေးဖြစ်သွားတာကိုပဲ...ဒါပေမယ့် နွေဉီးကတော့ သူ့ကိုကြာကြာမကြည့်ခိုင်းပါဘူး။
နွေဉီးက ချယ်ရီပန်းလိုမျက်နှာလေးကို အရြေှ့ပန်လှည့်ပြီး...
"ခင်ဗျားလဲမနံပါဘူး...ချွေးတောင်ထွက်ထားလို့လား..Air.conခန်းထဲထိုင်နေပြီးတော့"
![](https://img.wattpad.com/cover/266924640-288-k177497.jpg)
YOU ARE READING
?Daffodils[Complete]
Romanceတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...