🍁Daffodils:အပိုင်း(၅)မိတ်ဆွေဟောင်းနှင့်တွေ့ဆုံခြင်း
"သားရယ် ပြန်လာခဲ့ပါလား...အဲ့မှာရာသီဥတုကကြမ်းကကြမ်းနဲ့"
"ရပါတယ်မေမေရယ်...ကျွန်တော်ပြန်မလာချင်သေးဘူး"
"နေရေးထိုင်ရေးရော အဆင်ပြေတယ်မလား...မေမေလဲလိုက်လာချင်ပါတယ်...ဒါပေမဲ့"
"ကျွန်တော် အဆင်ပြေပါတယ်မေမေရဲ့...ကျွန်တော်ကလေးမဟုတ်တော့ပါဘူး"
"မိဘတွေအတွက်တော့ အမြဲ ကလေးပဲလေသားရယ်...ပြီးတော့မေမေအဓိကစိတ်ပူတာ အစားအသောက်ပဲ...ခေါက်ဆွဲပြုတ်တွေချည်းလဲစားမနေနဲ့"
"ဟုတ်ကဲ့ပါ..ခေါက်ဆွဲပြုတ်လဲစားချင်ရင်တောင် လွယ်လွယ်ကူကူမရှိပါဘူးမေမေရယ်"
"ဟုတ်ပါပြီ...သားပြန်လာချင်ပြန်လာလို့ရပြီနော် သူဒီမှာမရှိတော့ဘူး..ပြောင်းသွားတာ ၁နှစ်လောက်ရှိပြီ..တကယ်လို့ အစိုးရဆေးရုံမှာလုပ်လို့တွေ့မှာစိုးလဲ သားဦးလေးဆေးရုံရှိနေသားပဲ"
"အဲ့အကြောင်းကြောင့်ရယ်လဲမဟုတ်ပါဘူး..ကျွန်တော်ဒီမှာပျော်လို့...အချိန်တန်ရင်တော့ပြန်လာမှာပါ"
"အေးအေးဒါဆိုလဲမေမေဖုန်းချတော့မယ်..ကျန်းမာရေးဂရုစိုက်ဦးသားလေး"
"ဟုတ်မေမေရော"
နွေဦး ဖုန်းချလိုက်ပြီး ခေါက်ဆွဲပြုတ်ဖို့ရေနွေးအိုးတည်ထားလိုက်တယ်။ထမင်းဟင်းကြေးများတဲ့နွေဦးအဖို့ အစားအသောက်ကတော့ အနည်းနဲ့အများပြဿနာတက်နေတုန်းပဲ...စားပွဲပေါ်ကခေါက်ဆွဲထုပ်ကိုကြည့်ရင်းခေါက်ဆွဲထုပ်ဆန့်ကျင့်ရေးသမားကိုသတိရသွားတယ်။
"ဟဲ့နွေဦး နင်ခေါက်ဆွဲပြုတ်စားပြန်ပြီလား...နင်တော့ Hi-So ဖြစ်တော့မယ်"
"ဘာလဲ Hi-So" နွေဦး နားမလည်လို့ပြန်မေးရတယ်။
"High Sodiumလေ"
"ပေါက်ပေါက်ရှာရှာ နင်ပဲကြံကြံဖန်ဖန်..ဘယ်သူပြောတာကြားလာလဲ"
"ဒီလိုပဲ..တစ်ယောက်ယောက်ဆီကပေါ့..ပြီးတော့ အဲ့ဟာတွေက အရေပြားလေးဘက်နာတွေ..သွေးလေးဘက်နာတွေဖြစ်ဖို့ ပိုနီးစပ်စေတယ်..နင်ဆရာဝန်ပဲဖြစ်နေပြီဒါလေးတောင်မဆင်ခြင်နိုင်ဘူးလား"
ŞİMDİ OKUDUĞUN
?Daffodils[Complete]
Romantizmတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...