🍁Daffodils:အပိုင်း(၂၂)နင်ကငါ့ပြိုင်ဘက်
ဘသိန်းရဲ့ဆေးရုံစာအုပ်ကိုကိုင်ရင်း ဆေးရုံရောက်တော့နွေဉီး တွေ့ချင်တဲ့လူကိုအရင်သွားရှာတယ်။
"ဒေါက်တာခေမီ့ကိုတွေ့မိလား"
နွေဉီးရဲ့ အလောတကြီးပုံကို မမြင်ဖူးသလိုပုံမျိုးနဲ့ နပ်စ်မလေးက တခဏလောက်ကြောင်ကြည့်နေပြီးခါမှ ခွဲခန်းဘက်ကို လက်ညိုးညွှန်ပြီး...
"ဒေါက်တာခေမီ ခွဲခန်းဝင်နေတယ် ဆရာ..ဆရာဘာအရေးကြီးကိစ္စရှိ....""မရှိပါဘူး..ကျေးဇူးပဲ"
နွေဉီးကိုယ့်စိတ်ကို ကိုယ်ငြိမ်အောင်ထိန်းထားပြီး နာ့စ်ရှေ့ကနေ ထွက်လာခဲ့တယ်။ဆေးရုံမှာ ရာထူးကြီးတစ်ယောက်ဖြစ်တဲ့ နွေဉီးက စိတ်လိုက်မာန်ပါ တြွေဖစ်လို့မရဘူး။အဆင်မပြေဘူး..သူ့အတွက်ရော ခေမီ့အတွက်ရော..ဆေးရုံအတွက်ရောပေါ့။ရောဂါ အမည်တပ်တာက မှားယွင်းတတ်တာမျိုးဆိုတော့ နွေဉီး အနေနဲ့ ကိုယ်ရေးကိုယ်တာခံစားချက်နဲ့သွားရောထွေးပြီး ပြဿနာကိုကြီးအောင်လုပ်ပစ်တာမျိုး မဖြစ်စေချင်ဘူး။
ရုံးခန်းရောက်တော့ လူနာChartမှာ ရေးနေတဲ့မိုးပင်လယ်က မော့ကြည့်ပြီးပြုံးပြလာတော့ သူ့စိတ်ထဲမှာ နည်းနည်းလေးတော့ အေးချမ်းသွားသလိုဖြစ်သွားရတယ်။ဒါပေမဲ့ နွေဉီး ပြန်ပြုံးပြမိလား မပြုံးပြမိဘူးလားတောင် ကိုယ့်ကိုကိုယ် သတိမထားမိတော့ပဲ ဒီနေ့ရဲ့ ခွဲစိတ်စာရင်းကိုပဲကြည့်ချင်နေတယ်။ခွဲစိတ်စာရင်းကိုကြည့်ပြီး ခေမီဘယ်အချိန်အားမလဲဆိုတာပဲသိချင်နေတယ်။
လူတွေကစိတ်လှုပ်ရှားနေရင် အရမ်းသိသာတယ်။ဘယ်လိုပဲဖုံးဖိဖုံးဖိ သူတို့ရဲ့ အကြည့်တစ်ချက် လှုပ်ရှားမှုတစ်ခုနဲ့တင် ပေါ်နိုင်တာပဲ။ခုလဲနွေဉီးရဲ့ အတင်းဖုံးဖိထားတဲ့ တည်ငြိမ်မှုက နွေဉီး စားပွဲပေါ်မှာရှုပ်ယှက်ခတ်လောက်တဲ့ထိ ရှာနေမိတဲ့ နေ့စဉ်ခွဲစိတ်စာရင်းက မျက်စိရှေ့တည့်တည့်ရောက်နေတာတောင်မမြင်နိုင်ဘူး ဖြစ်နေတဲ့ နေရာမှာပေါ်တာပဲ။
နွေဉီးရဲ့ ယောက်ယက်ခတ်နေတဲ့ လက်ကို နွေးထွေးတဲ့ လက်ကြီးကြီးသွယ်သွယ်က လာပြီးအုပ်ကိုင်လိုက်ပြီး...
"နွေဉီး!ဘာရှာနေတာလဲ"
BẠN ĐANG ĐỌC
?Daffodils[Complete]
Lãng mạnတောင်ပေါ်ဒေသဆေးရုံတစ်ခုမှာတာဝန်ကျကြတဲ့ခွဲစိတ်ဆရာဝန်လေး၂ယောက်ရဲ့Love story ရိုးရိုးလေးပါပဲ... ဖြေးဖြေးငြိမ့်ငြိမ့်drama ဇာတ်လမ်းလေးတွေကြိုက်သူတွေအတွက်ပိုအဆင်ပြေမှာပါ...