Intro(Zawgyi)

1K 38 0
                                    

Zawgyi Ver;

ကျွန်မချစ်ရတဲ့လူကကောင်လေးတစ်ယောက်တော့မဟုတ်ခဲ့ဘူး...
သူမကသိပ်ကိုလှပလွန်းတဲ့နှင်းဆီပန်းတစ်ပွင့်နဲ့တူတဲ့အမျိုးသမီးလေးတစ်ယောက်ပေါ့
သူကအဲ့နှင်းဆီပွင့်ဖတ်လေးတွေလိုနှုးညံ့မှု့တွေကိုကျွန်မကိုပေးတယ်....
ကျွန်မဆိုတဲ့လူကလည်းကျေနပ်နေမိပြန်တယ်လေ သူ့အကြင်နာတွေ​ကြောင့်ကျွန်မအရေးအကြီးဆုံးတစ်ချက်ကိုမေ့သွားခဲ့တာ
သတိရတဲ့အချိန်မှာအရမ်းကိုအချိန်လွန်နေပြီ
ကျွန်မမေ့သွားတဲ့တစ်ချက်က သိပ်လှလွန်းတဲ့နှင်းဆီပန်းလေးတွေမှာဆူး​တွေရှိတယ်ဆိုတာကိုဘဲ
အဲ့လိုပါပဲ သူမမှာလည်းအဲ့နှင်းဆီဆူးတွေလိုမျိုးကျွန်မကိုဖြည်းဖြည်းချင်းညှင်းသတ်မယ့်မာယာတွေရှိတယ် ကျွန်မသူ့မာယာတွေကိုသိရချိန်မှာသူ့ရဲ့ဆူးတွေကကျွန်မနှလုံးသားကိုလှုပ်မရအောင်ချုပ်ထားပြီးနေပြီ လှုပ်လိုက်တာနဲ့ကွဲကြေသွားမှာသိနေလည်း ကျွန်မအချုပ်အနှောင်တွေကိုမုန်းလှပါပြီ
ကျွန်မမလုပ်ခဲ့တဲ့အပြစ်တစ်ခုအတွက်သူကျွန်မကိုပေးတဲ့အပြစ်ဒဏ်ကတန်ရဲ့လားတော့ကျွန်မလည်းမခန့်မှန်းတတ်တော့ပါဘူး

Kim Jisoo

ကိုယ့်မိဘတွေကိုဒီလူ့လောကကြီးထဲကနေဆွဲထုတ်သွားတဲ့လူကိုထောင်ကျရုံလေးနဲ့တော့မကျေအေးပေးနိုင်ဘူး ပြန်ပြီးတော့ပေးဆပ်ခိုင်းရမှာပေါ့ ဟက် လူသတ်ထားတာမဟုတ်တဲ့အတိုင်းပြုံးနေလိုက်တာ ရွံ့စရာကောင်းသားပဲ ဖြူစင်ချင်ယောင်ဆောင်တာလား တကယ်ပဲရိုးသားတာလားတောင်မဝေခွဲတတ်လောက်အောင်ကိုသူမကချောမောလွန်းတယ် ပြီးတော့ မေမေ့ရဲ့အပြုံးလိုမျိုး နှစ်သိမ့်မှု့ပေးတဲ့အပြုံးတွေ မျက်ဝန်းတွေသူမမှာရှိတယ် ဝန်ခံပါတယ် သူမကိုမုန်းတယ်
ဆက်ပြီးလည်းမုန်းနေအုံးမှာပဲ သူနဲ့ကျွန်မပတ်သတ်မှု့မှာအမုန်းတွေနဲ့ခြံရံပြီးမုန်းတီးမှု့တွေနဲ့ပဲအဆုံးသတ်ရမယ် အနာပေးပြီးမှဆေးပေးရင်အရမ်းကိုသက်သာလွန်းတယ် ဆေးပေးပြီးဆေးကုန်လောက်မှအနာပေးရတာကပိုအရသာရှိတယ် Kim Jisoo ဆိုတဲ့ရှင်ကတုံးလွန်းတာကို....

Park ChaeYoung (Rosè)

.................tbc...............

ပထမဆုံးရေးမဲ့ GLဆိုတော့စိတ်လှုပ်ရှားတယ် ဖတ်မဲ့လူတောင်ရှိပါ့မလားပဲ

My Lover Is A Living Flower ,Is Means Rosè(ChaeSoo)Where stories live. Discover now