Unicode ver;
"Lisa တို့နဲ့တွဲမလား ''
"တကယ် တကယ်လားဟင် တကယ်နော် ''
ထိုကလေးမကြည့်ရတာအရမ်းပျော်နေတဲ့ပုံပါဘဲ စိတ်ရှုပ်နေလို့ ပြောလိုက်မိတာပေမဲ့တအားပျော်နေတဲ့ပုံဘဲမို့...
''အင်း တွဲကြရအောင်... ''
.......................................
နေ့လည်စာမစားခင်ချယ်ယောင်းတစ်ယောင်အတွေးထဲရှုပ်ထွေးနေ၏ သူမဆုံးဖြတ်နိုင်တော့ဘူး ဂျီဆူးနဲ့ဂျင်းနာ ကိုဘယ်သူ့ယုံရမှန်းပင်မသိတော့ဘူး ဘယ်သူကလိမ်နေမှန်းလည်းတကယ်မသိတော့ဘူး စိတ်တွေရှုပ်လိုက်တာ တကယ်ပါဘဲ ဂျဲနိုပြောသွားတဲ့စကားတွေကလည်း စိတ်ရှုပ်စေတယ်။
''Ceo နေ့လည်စာစားတော့မလားရှင့် ''
''ရတယ် ဒီနေ့အပြင်မှာသွားစားမှာမလို့ ''
''ဟုတ်ကဲ့ ''
ချယ်ယောင်း ဂျီဆူးကိုနေ့လည်စာအပြင်မှာစားမဲ့အကြောင်းmassageပို့လိုက်ပြီးသူအလယ်တန်းတုန်းကတက်ခဲ့တဲ့ကျောင်းဘက်ကိုကားမောင်းလာလိုက်သည်။
ကျောင်းရှေ့အရောက်ဝင်ရနိုးမဝင်ရနိုးနဲ့ဆုံးဖြတ်ရခက်နေတုန်း...
''ချယ်ယောင်း ပတ်ချယ်ယောင်း မလား ''
''အတန်းခေါင်ဆောင်း ''
''ဟဲ့မတွေ့တာကြာနေပြီနော် ဘယ်နဲ့ဒီနားရောက်လာတာတုန်း ''
''အော် ဒီလိုပါဘဲ ဒီတိုင်း ''
''လာလေ ကျောင်းထဲဝင်ကြမယ် ''
အတန်းခေါင်းဆောင် မင်ယောင်းနောက်လိုက်ရင်းကျောင်းထဲရောက်တော့အငွေ့အသက်တစ်ချို့ကသူ့စိတ်ကိုရွှင်စေသည်။ကျောင်းအဝင်ကဂျီဆူးထိုင်နေကြဖြစ်သောချယ်ရီပင်ကြီးသည်မရှိတော့ ကျောင်းဆောင်တွေထဲဝင်လာလိုက်ရင် သိပ်မသွားရဘဲ ဂျင်းနာ ပီယာနိုတီးကျင့်သည့်အခန်းလေးသို့ရောက်သည်။ ခုတော့ကျောင်းသားတွေရဲ့ပန်းချီခန်းလေးပင်။
''လာ ဒီအခန်းက ကလေးတွေရဲ့ဓာတ်ပုံတွေဘာတွေထားတာဆိုတော့လူသိပ်မလာဘူး အေးဆေးတယ် ''
''ဒါနဲ့ ကျောင်းထဲဒီတိုင်းလျှောက်သွားနေလို့ရလား ''
''ငါကဒီကျောင်းကဆရာမဘဲကို ''
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)