Unicode Ver;
ဆိုလ်းမြို့တရားရုံးအတွင်းတိတ်ဆိတ်မှု့ကကြီးစိုးနေသည် ဒါပေမဲ့လာရောက်ကြတဲ့လူတွေ တရားသူကြီး ရှေ့နေ တရားခွင်အတွင်းမှာ လူတိုင်းရဲ့အာရုံကိုဖမ်းစားထားတာက
ကျောင်းဝတ်စုံဝတ်ထားတဲ့ ၁၅နှစ်အရွယ်တရားလိုကလေးမ နဲ့ ၁၈နှစ်အရွယ် တရားခံအမျိုးသမီးငယ်လေးပင်ဖြစ်သည်သူကျွန်မကိုအားနာတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ် မလိုဘူး အဲ့လိုကြည့်စရာမလိုဘူး
သူ့အပြစ်အတွက်အပြစ်ပေးဖို့ကျွန်မမှာအစီအစဥ်ရှိပြီးသားပဲ"တရားခံ ကင်ဂျီဆူ ''
တရားသူကြီးရဲ့သူ့နာမည်ခေါ်သံအောက်မှာသူမတ်တပ်ရပ်လိုက်မိတယ်
"Park JiSung နဲ့ Park Yuri တို့နှစ်ဦးအားကားမတော်တဆမှု့ဖြင့်သေဆုံးစေခဲ့သောကြောင့် ထောင်ဒဏ် နှစ်နှစ်နဲ့ခြောက်လကျခံစေ''
2နှစ်နဲ့6လ သူအကမကပဲနေနိုင်ပါ့မလား
သူအရမ်းမြတ်နိုးရတဲ့အက မကဘဲသူအသက်ရှင်နိုင်ပါ့မလားသူမသေချာဘူးခုတော့ရဲမေတွေဆွဲခေါ်တဲ့ထောင်လမ်းဆီသွားခါနီးကြားလိုက်ရတဲ့အသံသေးသေးချိုချိုလေး
"Kim Jisoo shi ထပ်တွေ့ကြမယ်နော် ''
သူလှည့်ကြည့်လိုက်တဲ့အချိန်မှာထိုအသံပိုင်ရှင်လေးမရှိတော့ပါ ဘယ်သူဘယ်ဝါရယ်လို့မသိပေမဲ့ ထိုအသံလေးကိုသူမှတ်မိနေပါတယ်
.....................☄..........................
သူထောင်ထဲမှာနေလာတာခုဆို 6လလောက်ရှိပြီ အလုပ်ကြမ်းတွေလုပ်ရတာလဲမပင်ပန်းပါဘူး နှိပ်စက်ခံရတာကိုလည်းစိတ်မနာပါဘူး သူတကယ်ဝမ်းနည်းတာကသူ့ရဲ့အမေနဲ့သူ့ရဲ့အမွှာညီမလေးကိုပဲ သူ့ကိုတစ်ခါလေးတောင်လာမတွေ့ခဲ့ဘူး
"Unnie ဘာတွေစဥ်းစားနေပြန်ပြီလဲ''
"အာ...ဘာမှမဟုတ်ပါဘူး''
"Unnie ကိုမေးချင်နေတာကြာပြီ
Unnie အမေနဲ့ညီမကUnnieနဲ့အဆင်မပြေဘူးလား တစ်ခါမှလာမတွေ့လို့ပါ Lisa မေမေတောင်လာတွေ့တာကို ''အမှန်ဆို Kim Jisooဆိုတဲ့သူမကသူ့ခံစားချက်တွေကိုထုတ်မပြတတ်သူတစ်ယောက်
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)