Unicode Ver;
Flashback:
"JinNa ယောင်းရောက်နေပြီနော် လာတော့မလား''
"မလာတော့ဘူး ဂျင်းနာမအားလို့ ''
"ဘာလို့လဲ ''
"သူငယ်ချင်းတစ်ယောက်မွေးနေ့မလို့လေ စိတ်ဆိုးသွားတာလား ''
"မဆိုးပါဘူး ဒါပေမဲ့ညနက်တဲ့အထိမနေနဲ့နော် ''
"ဟုတ် ဒါဆို ဒါပဲနော် သွားတော့မယ် ''
"အင်း bye love you''('_')
Chaeyoung တစ်ကယ်ဆိုစိတ်ဆိုးပါတယ်သူနဲ့အတူညစာစားချင်လို့အရေးကြီးအစည်းအဝေးကိုတောင်ဖြတ်လာခဲ့တာကိုခုတော့ ဟူး....ဒါနဲ့ဂျီဆူတစ်ယောက်ဘာတွေများလုပ်နေမလဲ?
သူနေတဲ့စတိုခန်းကအရမ်းပူလွန်းတယ် ပန်ကာလေးတစ်လုံးလောက်တော့ဒေါ်ကြီးနဲ့ပို့ခိုင်းအုံးမှပါ နေပါအုံး သူကအခုဘယ်သူကိုစိတ်ပူပေးနေတာလဲ(ခင်များလေးရဲ့အနာဂတ်မယားလေ)
"Park chaeyoung မဟုတ်လား ''
"ဟင် ဘယ်သူ... ''
"ငါလေ Lee Jeno ငါတို့အလယ်တန်းနောက်ဆုံးနှစ်ကအခန်းတူတယ်လေ ''
"အော် Jeno မတွေ့တာကြာပြီနော် ''
"ဟုတ်ပ တစ်ယောက်တည်းလား ''
"အေး ဟုတ်တယ် ချိန်းထားတဲ့လူကမလာတော့လို့လေ နင်ရော တစ်ယောက်တည်းလား ''
"မဟုတ်ဘူး ငါ့အမျိုးသားနဲ့ငါ့သားလေးပါတယ်''
"အတူတူထိုင်လိုက်လေ မတွေ့တာလည်းကြာပြီ မိတ်ဆက်ပေးငါ့ကို ''
"အေးပါ Renjun လာ ''
သူ့စားသောက်ဆိုင်မှာဆက်ထိုင်ပြီးအတွေးလွန်နေတုန်းသူJinNaတို့ကျောင်းမှာတက်တုန်းကခင်ခဲ့တဲ့တစ်ဦးတည်းသောကောင်Lee Jeno အမယ် သူကအမျိုးသားနဲ့အပြင်ကလေးပါရှိတယ်ဆိုဘဲ ရွံ့တယ်ဘာတယ်တော့မဖြစ်ဘူးသူကိုယ်တိုင်ကလည်းဒီလိုလူကို...
"Chaeyoung ဒါကငါ့အမျိုးသားHuang Renjun တဲ့ ဒါကငါ့ရဲ့သားလေး NoRen လေး ''
"Park chaeyoung ပါ ''
"ဟုတ် ''
ရှေ့ကနွေးနွေးထွေးထွေးရှိလှတဲ့မိသားစုကိုကြည့်ပြီး Chaeyoung တကယ်အားကျမိတယ် နောက်ဆိုသူလည်းJinNaနဲ့လက်ထပ်ပြီးရင်ကလေးလေးတစ်ယောက်လောက်မွေးစားအုံးမယ် ။သူတကယ်JinNa ကိုစွဲလမ်းနေတာဘဲ...
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanficတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)