Unicode ver;
"Soo ''
"အမယ်လေး! !!"
ဟင်းချက်နေတဲ့သူ့ကျောပြင်ကနေသိုင်းဖက်ရင်းသူ့နားနားကိုကပ်ပြီးခေါ်လိုက်တာမို့Jisooလန့်သွားမိတယ်။
"လန့်သွားတာလား ''
"လန့်တာပေါ့ယောင်းကလည်း လွှတ် ဒေါ်ကြီးမြင်သွားအုံးမယ် ပြီးJinNaရော... ''
"ဘယ်သူ့ဂရုစိုက်ရမှာလဲ ကိုယ့်အချစ်လေးကိုယ်ဖက်တာဘဲကို ''
"JinNaကခုလက်ရှိယောင်းချစ်သူနော် သူမြင်ရင်ဝမ်းနည်းသွားလိမ့်မယ် ''
"တွေ့လား Sooကယောင်းကိုတကယ်မချစ်ပါဘူး သူ့ညီမကိုဘဲစိတ်ပူပေးနေတာ ''
"ဒါကတော့... ''
"တော်ပါပြီ Jinna ကိုဖြတ်လိုက်ရမလား Sooကိုလွတ်လွတ်လပ်လပ်လေးချစ်ရအောင် ''
"အဲ့လိုမလုပ်နဲ့လေ ယောင်းကလည်း ''
"ဘာလို့လဲ ''
"Jinna ကယောင်းကိုအရမ်းချစ်တာ သူခံစားနိုင်မှာမဟုတ်ဘူး ယောင်းလမ်းခွဲလိုက်ရင် ''
"အဲ့တော့ soo ကယောင်းနဲ့ဒီတိုင်းတိတ်တိတ်လေးဘဲဆက်တွဲဖို့စိတ်ကူးရှိတာလား ''
"Soo ဘယ်လောက်ဘဲ ယောင်းကိုချစ်ချစ် Jinna ကိုတော့ဘယ်ယှဥ်လို့ရပါ့မလဲ Soo ကယောင်းနဲ့မှမတန်တာဘဲလေ ''
သူ့စကားအဆုံးမီးဖိုခန်းထဲကနာရီရဲ့အသံနဲ့ဟင်းရည်အိုးဆူနေတဲ့အသံကလွဲလို့တိတ်ဆိတ်သွားရတော့တယ်။
ရုတ်တရက်မီးဖိုကိုခလုတ်လှမ်းပိတ်လိုက်တဲ့လက်ဖြူဖြူလေး တစ်ဆက်တည်းနောက်ကျောပေးထားတဲ့သူ့ကိုမျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်တဲ့ယောင်းရဲ့လက်တစ်စုံ....
"ယောင်းကိုကြည့်soo soo အတိတ်ကဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ ယောင်းမိဘတွေမကလို့ယောင်းကိုကားနဲ့တိုက်ပစ်ခဲ့ရင်တောင်ယောင်းခွင့်လွှတ်တယ် ''
"အင်း... ''
Jisoo အသံမှာမယုံကြည်ခြင်းတွေအပြည့်ပါနေတာကိုယောင်းတစ်ယောက်သတိမထားမိပါဘူးလေ...လိမ်တာမကျွမ်းလိုက်တာယောင်းရယ်မျက်ဝန်းတွေမှာအတိုင်းသားမြင်နေရတယ်လေ။
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)