Unicode Ver;
မနေ့ကယောင်းကသူ့နှုတ်ခမ်းကိုနမ်းပြီးဟိုတစ်ခါလိုတစ်ချက်ကိုက်သွားသေးတာမလို့သူ့မှာမနက်စာချက်ရင်းနှုတ်ခမ်းကအနည်းငယ်စပ်ဖျင်းဖျင်းပင်ဖြစ်နေသေးသည်။
"Soo na နှုတ်ခမ်းကဘာဖြစ်တာလဲ ''
"အာ တံခါးနဲ့တိုက်မိတာဒေါ်ကြီး ''
"ဆေးထည့်အုံးတော်တော်လေးရောင်နေတယ် ''
"Nae ''
သူမနက်စာချက်ပြီးတော့သူ့အလုပ်ဖြစ်တဲ့ပန်းပင်တွေရေလောင်းဖို့အိမ်ရှေ့ကိုထွက်လာလိုက်တယ်။
"Jisoo ''
"Nae ''
မျက်နှာပူလို့ပန်းပင်တွေဆီစောစောသွားမလို့ပါဆိုစောစောတွေ့တယ်...သေချင်တယ်။
"ဘာတွေ့ကြောင့်ကြည့်နေတာလဲ အရမ်းချောလို့ရင်ခုန်သွားတာလား? "
သူလန့်ပြီးသူရပ်နေရာနေရာမှာသာဆက်ပြီးရပ်နေမိတယ်။သူရင်ခုန်လွန်းလို့ပေါက်ထွက်တော့မယ်။Soo ကိုခွင့်လွှတ်ပါRoseရယ်ကိုယ့်အချစ်ဦးကမင်းဖြစ်ခဲ့ပေမဲ့ခုချိန်မှာတော့သူမျက်စိရှေ့ကလူဆိုးမလေးကိုပိုချစ်မိနေပြီ။
"ရင်တွေအရမ်းခုန်နေတာဘဲ တကယ်ဘဲ ယောင်းကိုသဘောကျနေတာလား''
ဘယ်လို သူဘယ်လိုဖြေလိုက်သင့်လဲ?
ပြီးတော့သူ့ကိုယ်သူယောင်းလို့သုံးလိုက်တယ် ပြီးတော့ပြုံးနေတယ်။သူသိတဲ့ Park chaeyoung ရူးသွားတာလား..."ဟို...Soo အလုပ်ရှိသေးလို့ ''
"ခဏ ''
ခြေနှစ်လှမ်းစာအကွာအဝေးတစ်ခုကိုကျော်ခွပြီးတားမြစ်သံတစ်ခုနဲ့အတူသူ့အနားကိုရောက်လာခဲ့သည်။ပြီးတော့သူ့မျက်နှာနဲ့အရမ်းကပ်နေတာ...သူတို့နှစ်ခုထိဖို့ 5cm လောက်ဘဲလိုတော့တယ်...
ဘာလဲ သူ့ကိုထပ်နမ်းမလို့များလား?(မမရေဘယ်လိုတွေတွေးနေတာလဲဗျာ)
"ဟက် ထပ်မနမ်းတော့ပါဘူး... နှုတ်ခမ်းကနာနေသေးလား ''
"အင်... ဟင့်အင်း မနာတော့ဘူး ''
သူ့နှုတ်ခမ်းကကိုက်ရာကိုလက်မလေးနဲ့ခပ်ဖွဖွပွတ်ပေးပြီးစိတ်မကောင်းဖြစ်တဲ့လေသံလေးနဲ့မေးလာတာမလို့ jisoo စိတ်တွေလှုပ်ရှားပြီးစကားတွေတောင်မှားကုန်တယ်။
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)