Chapter 2(U and Z)🌹☄🥀

920 105 6
                                    

Unicode Ver;

နောက်ဆုံးစာတစ်စောင် ပထမနဲ့နောက်ဆုံး ph call လေးတစ်ခုနဲ့အတူသူမပျောက်ကွယ်သွားခဲ့ပါပြီ...မျှော်နေလည်းMaple Leaf ပါတဲ့သူမစာလွှာအနီလေးတွေဟာသူဆီထပ်ပြီးမရောက်လာတော့ပါ...

သူထောင်ကနေထွက်ခွင့်ရခဲ့ပြီ
ထောင်ထဲမှာကောင်းမွန်စွာနေထိုင်တဲ့သူနဲ့ Lisa ဟာကျန်တဲ့ ခြောက်လကိုအကျယ်ချုပ်နဲ့ထွက်ခွင့်ရခဲ့ပါတယ်

သူတို့ထောင်ကမထွက်ခင်မှာ Lisa မေမေဟာလည်းဆုံးပါးသွားခဲ့တယ် သူမဟာတစ်ခါတစ်လေ Lisa အစားသူ့ကိုထောင်ဝင်စာလာတွေ့နှုတ်ဆက် နှစ်သိမ့်တတ်သည့် စိတ်ထားကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်

ခိုကိုးရာမရှိတဲ့ Lisa ကိုသူ့အိမ်ခေါ်လာခဲ့ပေမဲ့
မနှစ်မြို့တဲ့သူ့အမေနဲ့ညီမကသူတို့အတွက်ခေါင်မိုးထပ်အခန်းလေးကိုဌားပေးတယ်

လူသတ်သမားတွေကိုငါတို့အိမ်ထဲအဝင်မခံနိုင်ဘူးဆိုတဲ့စကားနဲ့အတူ သူအိမ်ပြောင်းပြီးချိန်ကစပြီးတစ်ခါမှထပ်လာမတွေ့တော့ပါ

သူ့ညီမ Jin Na အစား သူ Lisa လေးကိုပိုချစ်ပေးဖြစ်တယ် အစကတော့အိမ်လခကိုမေမေကပေးနေတာဖြစ်တဲ့အတွက် Lisa ကိုသူအရမ်းဝါသနာပါတဲ့အကသင်တန်းလေးတတ်ခိုင်းဖြစ်တယ် သူ့ဝါသနာလည်းဖြစ်တော့အိမ်ပြန်ရောက်ရင် Lisa နားကသူပြန်သင်ဖြစ်တယ်

တစ်နှစ်လောက်ကြာတော့ မေမေကအိမ်လခလည်းမပို့ပေးတော့သလို သတင်းလည်းမကြားရတော့ပါ ငါတို့ရပ်ကွက်ထဲတောင်မလာနဲ့ဆိုတဲ့သူ့ညီမစကားကြောင့်သွားလည်းမတွေ့ရဲခဲ့....

Lisa ကသူသင်တန်းအားတဲ့အချိန်အချိန်ပိုင်းအလုပ်လေးတစ်ခုလောက်လုပ်မယ်​ပြောပေမဲ့ သူ့ညီမလေးလိုဖြစ်နေတဲ့ဒီကလေးမကိုသူအလုပ်မခိုင်းရက်ပါ သူငြင်းလိုက်တယ်

သူအချိန်ပိုင်းအလုပ်တစ်ခုကနေ သူနှစ်ခုပြောင်းလုပ်တယ် မနက်ခင်းမှာသူ့တို့လမ်းထိပ်ကခေါက်ဆွဲဆိုင်လေးမှာစားပွဲထိုးလုပ်တယ် နည်းနည်းပင်ပန်းပေမဲ့ ဆိုင်ရှင်အဖွားကသဘောကောင်းတယ် ပိုက်ဆံလည်းပိုပေးသလို အစားအသောက်ပိုတာတွေလည်းအမြဲအိမ်ကိုထည့်ပေးလိုက်တတ်သည်

My Lover Is A Living Flower ,Is Means Rosè(ChaeSoo)Where stories live. Discover now