''မကောင်းဆိုးရွှားမ''
ကြမ်းတမ်းတဲ့စကားတစ်ခွန်းကိုဂျီဆူးပါးစပ်ကပြောထွက်လာတဲ့အခါချယ်ယောင်းရောဂျင်းနာပါကြောင်အသွားရတော့သည်။ထိုအမျိုးသမီးရဲ့အားနည်းပြီးနှုးညံ့တဲ့ပုံစံကိုဘဲသူတို့မြင်ခဲ့ဖူးတာလေ။
''ဟဲ့ နင်ငါ့သမီးကိုရိုက်လိုက်တာလား ကင်မ်ဂျီဆူး ''
''ဟက်!ဆူးကမေမေသမီးမဟုတ်လို့လား အံ့သြလိုက်တာ''
ချယ်ယောင်းကိုတွန်းတိုက်လို့အခန်းထဲဝင်သွားကာဂျီဆူးကိုအော်ဟစ်နေတဲ့မိန်းမကိုတားဖိုချယ်ယောင်းခြေလှမ်းပြင်လိုက်ပေမဲ့ဂျီဆူးရဲ့အသံကထပ်ထွက်လာပြန်သည်။နာကျင်နေဟန်ပေါက်နေပေမဲ့ထိုအမျိုးသမီးဟာအရင်လို့သူ့မျက်လွှာကိုမချထားတော့။ခေါင်းမော့ရင်ကော့လို့သူ့အမေဖြစ်သူကိုလှမ်းကြည့်နေသည်။
''နင်!''
''ဘာလဲ အဖေသေတဲ့ကိစ္စဘဲလာအုံးမလို့လား အဲ့နေ့ကအဖေရေထဲဘာလို့ကျသွားလဲသိလား အမေ့ရဲ့ရင်ခွင်ပိုက်သမီးလေးဂျင်းနာ ကိုကယ်ရင်းနဲ့လေ အမေ ဆူးကိုတစ်ခေါက်လောက်ဘဲဖြစ်ဖြစ်မေးကြည့်ဖူးရဲ့လား ''
''နင်ဘယ်လိုလုပ်အဲ့တာတွေအကုန်သိနေတာလဲ''
''ငါပြန်မှတ်မိသွားလို့လေ အော် ပြီးတော့ပတ်ချယ်ယောင်းမိဘတွေဆုံးသွားတဲ့ကိစ္စလည်းနင်လက်ချက်မဟုတ်လား ဂျင်းနာ အဲ့နေ့ကငါနေမကောင်းလို့အိပ်နေတာ နင်ငါ့အဝတ်တွေယူဝတ်ပြီးထွက်သွားတာလေ ပြီးတော့နင်ငါ့ကိုကားမောင်းသွားတာလို့လိမ်တာ ငါကတော့အရင်လိုဘဲမေ့နေတယ်ထင်ခဲ့တာ မဟုတ်ဘူး တကယ့်တရားခံကနင်ဘဲ ဂျင်းနာ ''
ချယ်ယောင်းဖြစ်နိုင်ရင်ထိုအမျိုးသမီးကိုသွားပြီးထွေးပွေ့ထားချင်မိသည်။အပြစ်မရှိတဲ့အမျိုးသမီးလေးဟာအချုပ်အနှောင်တွေကြားမှာနေခဲ့ရသလို သူနှိပ်စက်တာကိုပါခံခဲ့ရတာလေ။အဖေကိုသတ်တဲ့လူလို့သမုတ်ခံရပြီး ဖယ်ကျဥ်ခံခဲ့ရသည်။တကယ့်ကိုနာကျင်နေမှာဘဲ။
''ငါ...ငါ...မေမေ မဟုတ်ဘူးနော် ဂျင်းနာ ဘာမှမလုပ်ဘူး ယောင်းပြောပါအုံး ဂျင်းနာ ဘာမှမလုပ်ဖူးလို့ ''
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)