Unicode Ver;
သူchaeyoungအိမ်ကိုရောက်နေတာတစ်ပတ်ကျော်နေပြီဖြစ်သည်။သူအိမ်စရောက်ရောက်ချင်းသိလိုက်ရတာကJin Na ဟာ Chaeyoung ရဲ့ချစ်သူဆိုတဲ့ရာထူးအတိုင်းဒီအိမ်မှာနေတယ်ဆိုတာပါပဲ...
သူတို့နှစ်ယောက်ဘယ်အချိန်ကချစ်သူတွေဖြစ်သွားလဲဆိုတာသူမသိပါ စိတ်လည်းမဝင်စားဘူး သူ့အလုပ်ကဒီအိမ်မှာသူတို့ခိုင်းတာလုပ်ပေးဖို့ဘဲ...
ဒီတစ်ပတ်အတွင်းမှာသူ့လက်မှာဒဏ်ရာတွေတော့တော်တော်လေးထူလာခဲ့တယ်။ကော်ဖီပူလောင်တဲ့အမာရွတ်တွေ၊ဖန်ကွဲရှရာတွေအပြည့်နဲ့ပေါ့။သူ့ကိုအိမ်သန့်ရှင်းရေးရောအချက်အပြုတ်ရောအကုန်ခိုင်းတယ်။ပန်းပင်တွေလည်းရေလောင်းရတယ်။
သူ့ကိုထမင်းဟင်းနေ့တိုင်းချက်ခိုင်းပြီးအရသာမရှိဘူးဆိုပြီးနေ့တိုင်းလည်းသွန်ပစ်တတ်သေးတယ်။လက်ကဒဏ်ရာတွေရဲ့တရားခံကတော့သူ့ညီမJin Na ပင်။
သူအပြစ်လည်းမတင်ချင်တော့ပါ။သူ့အပြစ်တွေမြန်မြန်ကျေဖို့သာဆုတောင်းမိတယ်။
"Sooလေး ဘာတွေစဥ်းစားနေတာလဲ... ''
"အာ ဒေါ်ကြီး ဘာမှမဟုတ်ဘူး... ''
"ယောင်းလေးကJin Na နဲ့အပြင်မှာညစာစားမယ်တဲ့''
"Nae အဲ့တာဆိုအပြင်ကပန်းပင်တွေရေလောင်းလိုက်တော့မယ်နော် ''
"အင်း Sooလေး ပြီးရင်စောစောနား... လက်လည်းဆေးထည့်အုံး ''
"Nae ''
ဒေါ်ကြီးကယောင်းကိုငယ်ငယ်ထဲကထိန်းလာတဲ့သူဖြစ်လို့ဒီအိမ်ကြီးမှာတော်တော်အာဏာရှိသည်။Jin Na သည်ဒေါ်ကြီးရှိနေရင်သူ့ကိုနှိပ်စက်လို့မရပေ။
သူပန်းပင်တွေကိုရေလောင်းရင်းကနေယောင်းအကြောင်းစဥ်းစားနေမိသည်။ဟုတ်တယ် 'ယောင်း ' သူဒီတစ်ပတ်အတွင်းမှာဒီကလေးမလေးကိုသဘောကျနေမိပြီ။
အမြဲတမ်းမျက်နှာထားတည်တည်နဲ့ဆူငေါက်နေတတ်သူကိုသူစွဲလမ်းနေမိပြီ... တကယ်ကိုထူးဆန်းလွန်းတယ်။သူRoseဆိုတဲ့ကလေးမလေးကိုပင်သတိမရလောက်အောင် "ယောင်း '' ကိုစွဲလမ်းနေမိပြီ။သူ 'ယောင်း 'ကိုဘယ်လိုချစ်မိသွားလဲမသိပါ။
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Фанфикတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)