Unicode Ver;
ချယ်ယောင်းအိမ်ပြန်ရောက်တော့သူမြတ်နိုးရပါသောအမျိုးသမီးလေးကသူ့ကိုနောက်ကျောပေးလို့ဟင်းချက်နေသည်ကိုတွေ့ရသည်။ပတ်ချန်းယောလ်ပြောတဲ့သူ့ကိုအခန်းလိုက်ခဲ့တဲ့သူကကင်မ်ဂျီဆူးပါဆိုတာကချယ်ယောင်းခေါင်းကိုကားတစ်စီးနဲ့ကြိတ်ချလိုက်သလိုမူးနောက်နေစေသည်။ဘယ်လိုလုပ်ရပါ့ သူချစ်ရတဲ့သူကသူ့မိဘတွေကိုသတ်ခဲ့တဲ့လူတဲ့လေ။
'' ယောင်း ပြန်ရောက်နေတာအသံလည်းမပေးဘူး ''
''အာ ကိုယ့်ရည်းစားလေးကလှတော့ကြည့်နေမိတာနဲ့ကွာ Sorry ''
''ဘာလို့အာပြဲကြီးနဲ့အော်နေရတာလည်း ဒေါ်ကြီးကြားသွားအုံးမယ် ''
''ကြားပေါ့ ဆူးကကိုယ့်ချစ်သူလေးဘဲကို ''
သူ့စကားကိုကြားတော့ထိုအမျိုးသမီးကစောနကထက်ပိုကာရှက်သွေးဖြာရင်းပါးကလေးနှစ်ဖက်ဟာနီရဲလာတော့သည်။အသည်းယားလွန်းသွားတဲ့ချယ်ယောင်းကတော့ထိုအမျိုးသမီးရဲ့ပါးမို့မို့နီရဲရဲလေးထက်အနမ်းတစ်ပွင့်ကိုမဆိုင်းမတွခြွေချပစ်လိုက်သည်။
ဒဏ်ရာတွေများခဲ့မှာဘဲ။နဂိုထဲကဒဏ်ရာတွေများနေတဲ့လူကိုချယ်ယောင်းကပိုပြီးဒဏ်ရာတွေပေးခဲ့မိတာ။အားနာလွန်းလို့ဘယ်လိုလုပ်ရပါ့။သူ့အပြစ်တွေကြေအောင်ဘယ်လိုဆပ်ရပါ့။တစ်ဆက်တည်းတွေးမိတဲ့ဂျင်းနာကြောင့်ချယ်ယောင်းခေါင်းတွေပိုပြီးမူးနောက်လာရသည်။သူခုချက်ချင်းဂျင်းနာကိုဖြတ်လိုက်ပြန်ရင်လည်းဂျီဆူးကိုပြသာနာလာရှာလိမ့်မယ် တကယ်ရူးချင်လိုက်တာ။
''ဆူး ကိုယ့်ကိုသံပုရာရည်လေးတစ်ခွက်လောက်စာကြည့်ခန်းထဲလာပို့ပေးနော် ''
''အင်း''
ခုထိပါးကလေးတွေပန်းရောင်သန်းနေသေးတဲ့ထိုအမျိုးသမီးကသေချာပေါက်ကိုရှက်နေသေးတာနေမယ်။တကယ့်ကိုအရှက်အကြောက်ကြီးလိုက်တဲ့အမျိုးသမီးကြိုက်ချင်စရာကောင်းလိုက်တာ ။
''အင်း Jackson ''
''ဘာလဲ အသံကြီးကဘာခိုင်းအုံးမလို့လဲ ''
''ခိုင်းတယ်ရယ်လည်းမဟုတ်ပါဘူး သူငယ်ချင်းအချင်းချင်းအကူအညီလေးတောင်းမလို့ ''
YOU ARE READING
My Lover Is A Living Flower ,Is Means Rosè(ChaeSoo)
Fanfictionတစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung) တစ်ခါတစ်လေကိုယ့်မျက်စိရှေ့မှာမြင်ခဲ့ရတဲ့မြင်ကွင်းကတောင်အမှန်တရားမဟုတ်ဘူး... Rose(Park ChaeYoung)