တသွေမတိမ်း ep1(unicode)

1.2K 43 11
                                    

အပိုင်း၁....
             "ဒေါက် ဒေါက် ဒေါက် ဒေါက်"

အသိကနိုးတဝက်အိပ်တဝက် အနေအထားမှာ  နားထဲတွင် တဒေါက်ဒေါက် မြည်သံထွက်ပေါ်လာတယ်။ အသိစိတ်တွေစုလိုက်မှ ချက်ချင်းပဲ "နိုးပြီ" ဟု လှမ်းပြောလိုက်တယ်။

         " ဒီနေ့ ကျောင်းဖွင့်ရက်နော် သား နောက်ကျလို့မဖြစ်ဘူး မြန်မြန် ထွက်ခဲ့ သပ်သပ်ရပ်ရပ်ဝတ်နော်" အမေ့ရဲ့ စကားက ဘာမှတော့ စိတ်တိုစရာမပါပေမဲ့ အိပ်ရာထခါစ မရွှင်မလန်းဖြစ်နေ၍ စိတ်ဆတ်မိသွားတယ်။ ဘာတခွန်းမှပြန်မဖြေဘဲ အိပ်ရာကနေသာထလိုက်တော့တယ်။

          "လာ သား မြန်မြန်ထိုင် သားကျောင်းသွားရင် အမေလိုက်ခဲ့မယ် ကျောင်းအုပ်နဲ့လဲတွေ့ရအုံးမယ်"အိမ်ပေါ်ထပ်ကဆင်းလာလာချင်း အမေသည် တရစပ် ပြောကြားတယ်။ ကျောင်းလိုက်လာတာကတော့ ကျောင်းအုပ်နဲ့တွေ့ပြီး မျက်နှာကောင်းယူတာပဲပေါ့။ ဒါက ငယ်ငယ်ထဲက ခုထိလုပ်နေကျ မပြောင်းမလဲပင်။ private school ကျောင်းအုပ်ဆိုပေမဲ့ ကျောင်းပိုင်ရှင်ပဲဖြစ်လိမ့်မည်။  ဟင်းးးးးးး သက်ပြင်းကို တိတ်တခိုးချလိုက်မိတယ်။ အခုထိ မျက်စိဒေါက်ထောက် ကြည့်နေရာကနေကို မလွတ်သေးနိုင်ပါလား။

        " သား ဆယ်တန်းနော် စာသေချာအာရုံစိုက် အဖေ့အသိတွေထဲမှာ ဆယ်တန်းသားသမီးတွေ အများကြီးရှိတယ် သောက ကြားလား" အဖေသည် လေသံမတင်းမရော့ဖြင့် သတိပေးတယ်။ အပြိုင်အဆိုင်တွေပေါ့။ ဘယ်တတ်နိုင်မလဲ။ မိဘစကားမဖယ်ချတဲ့ သားလိမ်မာဆိုပြီး နာမည်ကြီးနေတာကို။ ညစ်ညူးလာတဲ့စိတ်နဲ့ပင် " သား သိပါပြီ " ဟု ဖြေကြားလိုက်မိတော့တယ်။
........................................  
           "ကိုနေရေ မဆင်းလာသေးဘူးလား" အမေ့ရဲ့စကားသံချိုအေးအေးလေးက ကျွန်တော့်ကို ပြုံးမိသည်ထိဖမ်းစားနိုင်တယ်။

        " လာပြီ လာပြီ မာမီ ဟီးးးး" စပ်ဖြဲဖြဲမျက်နှာပေးဖြင့်အိမ်ပေါ်ထပ်မှ ကမန်းကတမ်းပြေးဆင်းလာမိတယ်။

     "ဟဲ့ဟဲ့ ဖြေးဖြေးလာလေ သားရယ် ကျိုးကန်းကုန်မှဖြင့် ဆယ်တန်းနော် ပေါ့ပေါ့လျော့လျော့မနေနဲ့ ဂရုစိုက်" အမေသည် ကျွန်တော့်နှာထိပ်ဖျားလေးကို လက်ချောင်းသွယ်သွယ်လေးဖြင့် အသာဆွဲ၍ လှုပ်ရမ်းကာပြောသည်။

တသွေမတိမ်း Where stories live. Discover now