တသွေမတိမ်း ep15(unicode)

90 12 6
                                    

အပိုင်း၁၅...
               ဆောင်းရာသီသို့ ဝင်နေပြီဖြစ်၍ မနက်မိုးလင်းချိန်သည် ချမ်းစိမ့်စိမ့် အနေအထားရှိနေသည်။အနွေးထည်ခပ်ပါးပါး တစ်ထည်သာ သောကဝတ်လိုက်သ ည်။အရမ်းမချမ်းသေးသောကြောင့်ရော နေ့လည်ဆိုပြန်ပူတတ်တာကြောင့် ခပ်ပါးပါးသာ ဝတ်ဖို့ရွေးချယ်လိုက်သည်။

        အောက်ထပ်ကို ဆင်းလိုက်၍
ထမင်းစားခန်းထဲဝင်လိုက်တော့ မနက်စာစားနေသော အဖေနဲ့အမေကိုတွေ့ရသည်။သူဝင်လိုက်လိုက်တော့ ဒေါ်ဒေါ်က ထမင်းထည့်ပေး၍ မီးဖိုချောင်ထဲ ပြန်ဝင်သွားသည်။

      "သား စာတွေလိုက်နိုင်တယ်မလား"
ထမင်းစားဖို့ ဇွန်းကိုင်နေသော သောကသည် အဖေ့ရဲ့မေးခွန်းကြောင့် ရပ်တန့်သွားသည်။

     "ဟုတ်ကဲ့ လိုက်နိုင်ပါတယ်"
အဖေက ဘာမှမပြောပဲ ခေါင်းတငြိမ့်ငြိမ့်သာလုပ်သည်။ထို့နောက် အမေနဲ့သူ့ကိုနှုတ်ဆက်ကာ အလုပ်မှာအစည်းအဝေးရှိသေးတယ်ဆိုကာ ထွက်သွားတော့သည်။

      "သား မကြာခင် ဘာသာရပ် C.E.Tတွေဖြေရတော့မယ်ဆို"
အမေက သူ့ကျောင်းကိစ္စတွေဆို မပြောပဲ သိနေသည်မှာအဆန်းမဟုတ်ပေ။အမေက အမြဲဝင်ပါနေတတ်စမြဲပင်။သူ ခေါင်းသာငြိမ့်ပြလိုက်သည်။

      "သေချာလေးဖြေနော် အမှတ်နည်းတဲ့ဘာသာတွေလဲ အမေ့ကိုပြောအုံး။လိုအပ်တာတွေကို အခု သင်နေတဲ့ ဂိုက်ဆရာမတွေဆီ ပြန်ပြောပေးမယ်"
အမေကပြောကာ စကားဆုံးတော့ ဘေးနားက ကော်ဖီခွက်ကို ကိုင်၍ သောက်လိုက်သည်။သူ ခေါင်းငြိမ့်ပြရင်း အခုမှသတိရသော အကြောင်းကို အမေ့ကိုပြောလိုက်သည်။

      "အမေ ဒီလ ၁၉ရက်နေ့လောက် ကိုနေရဲ့မွေးနေ့ရှိတယ် အဲ့နေ့ သူက မိဘမဲ့ဂေဟာ သွားလှုမှာတဲ့ အဲ့တာလိုက်သွားချင်လို့"

ခနလေးသာ ဆိုရင် အမေ့ကို သူပြောမည်မဟုတ်ပါ။ကိုနေက သူ့မွေးနေ့မှာ မနက်ခင်းထဲက လာစေချင်သည်။နေ့လည် ဘုန်းကြီးကျောင်းရှိ မိဘမဲ့ဂေဟာကိုလဲ သွားအုံးမှာရောဆိုတော့ ညနေလောက်မှပြန်ရောက်နိုင်မည်။ဒါကြောင့် သူ့အမေ့ကို ခွင့်တောင်းရတော့သည်။အမေက ကော်ဖီသောက်ရင်း သူ့ကိုမျက်လုံးလှန်ကြည့်သည်။

တသွေမတိမ်း Where stories live. Discover now