အပိုင်း၁၁...
"အော်...အဲ့တော့ မင်းတို့က ငါ့ကိုတောင်မခေါ်ပဲ သွားကြတာပေါ့ ဟုတ်လား"
ကိုနေနဲ့ နှစ်ယောက်တည်း သီတင်းကျွတ်မှာ လျှောက်လည်တဲ့ အကြောင်းကို မော်ကြီး သိသွားသည်။သူ့ကို မခေါ်၍ စိတ်ဆိုးနေသည်ကို ကိုနေက ဂရုမစိုက်သလို ထမင်းငုံ့စားနေသည်။"မော်ကြီးရာ စိတ်မဆိုးပါနဲ့ နောက်တစ်ခါရောက်ရင် တကယ်ခေါ်ပါ့မယ်"
" သောက မင်းကသာ ခေါ်မယ်ပြောနေတာ မင်းရဲ့ကိုနေက ဂရုတောင်မစိုက်ဘူး"
ကိုနေက အလိုက်ကိုမသိဘူး။နည်းနည်းပါပါး ကူချော့ပေးမယ် စိတ်ကူးရှိမဲ့ပုံမပေါ်။ဒါကြောင့် ထမင်းစားနေသော ကိုနေကို တံတောင်ဆစ်ဖြင့်တွန်းကာ သတိပေးလိုက်သည်။ထိုအခါမှ မျက်နှာက မော့ကြည့်လာသည်။"မော်ကြီး မင်းဘာသာမင်း ရိပ်နဲ့သွားလည်လဲရတာပဲ ငါနဲ့ပြယ်နဲ့ date တာကို ဝင်မပါချင်စမ်းပါနဲ့"
"ဟမ်...ကိုနေ မင်းဘာပြောလိုက်တယ်"
မော်ကြီးရဲ့ အံသြသကြီး ထအော်သံကြောင့် သောက လန့်တောင်သွားသည်။"မင်း နားမကောင်းတော့ဘူးလား မော်ကြီး"
"တော်တော့ ဒီပိတ်ရက် ငါတို့ တူတူ စာစုကျက်ရင်း မုန့်စားကြမယ် ငါမုန့်တွေဝယ်ပေးမယ်" ကိုနေပြောပုံက မကြာခင် မော်ကြီးနဲ့ ရန်ဖြစ်မည်ဆိုတာ သေချာနေတာကြောင့် သောက ကြားထဲ ဝင်ဖြေရှင်းလိုက်ရသည်။ထိုသို့ပြောလိုက်မှပဲ နှစ်ယောက်သား ခေါင်းငြိမ့်၍ ငြိမ်သွားကြသည်။
"ပြယ် စိတ်မဆိုးဘူးလား" ကျောင်းဆင်းတော့မှာမို့ စာအုပ်သိမ်းနေသည်ကို ဘေးနားမှ ကိုနေက စကားလာပြောတာကြောင့် လှည့်ကြည့်လိုက်သည်။
"ဘာကို စိတ်ဆိုးရမှာလဲ ကိုနေ"
"ငါပြောလိုက်တာလေ မော်ကြီးကို။ မင်းနဲ့ date တယ်ဆိုပြီး"
" အော်...ကြားတယ်လေ"
"အဲ့ဒါကို ဖြေရှင်းချက်တောင် မတောင်းဘူးပေါ့"
"မတောင်းချင်ဘူး"
သောက စာအုပ်သိမ်းပြီး၍ ကျောင်းဆင်းရန် ခေါင်းလောင်းဘဲလ်သံ ကြားသည်နှင့်ထွက်လာခဲ့သည်။
YOU ARE READING
တသွေမတိမ်း
Romanceပထမဆုံးသော ကိုယ်ရေးတဲ့ school life fic လေးတပုဒ်ပါ။ ဇာတ်ကောင်နာမည်တွေ တိုက်ဆိုင်ခဲ့သည်ရှိသော် မိမိရှေ့မှ စီနီယာauthor များကို လေးစားစွာဖြင့် crd ပေးပါတယ်ရှင်။ ဤfic သည် ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြင့်သာ တွေးခေါ်ရေးသားခဲ့ခြင်းပါ။တစုံတရာမှ ကူးယူထာ...