အပိုင်း၂၀...
နှစ်ဆန်းတစ်ရက်နေ့
နှစ်ဆန်းတစ်ရက်နေ့ ဆိုတာ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပြောင်းတဲ့ ရက်ပဲ ဖြစ်ပါတယ်။ထိုရက်မှာ တချို့က ဘုရားသွား၊ ဘုန်းကြီးကျောင်းတွေ သွားကြတယ်။တချို့က တာကျိုအိုးလေးတွေနဲ့ ရပ်ကွက်လိုက် ဘုန်းကြီးပင့်ကာ တရားနာကြတယ်။တချို့က ငါးစာကျွေး၊ ငါးလွှတ်တာတွေလုပ်တဲ့အပြင် တချို့ဒေသတွေမှာ နွားတွေပါ လွှတ်ကြပါသည်။ဒီရက်လေးမှာ မြန်မာလူတိုင်းနီးပါး ကောင်းမှုကုသိုလ်တွေ ပြုလုပ်ကြပါတယ်။
နေလင်းရောင်ကတော့ ဒီနေ့ ချစ်ရသူနဲ့ ဘုရားသွားမှာပင် ဖြစ်တယ်။မော်ကြီးနဲ့ ရိပ်တို့က ဘုရားတူတူသွားမည်ဟုလုပ်ပြီးမှ မိဘတွေက ခရီးသွားတာကြောင့် လိုက်သွားရပြန်သည်။ဒီနေ့က ပြယ်နဲ့နှစ်ယောက်ထဲ သွားရမှာမို့ ဆိုင်ကယ်ကို မြန်မြန်စီးလာလိုက်သည်။
"ပြယ်"
အိမ်ရှေ့မှာ အမြဲထွက်စောင့်တတ်တဲ့ ကောင်လေးသည် ဒီနေ့ ဘုရားသွားမည်မို့ သူ့နည်းတူ ပုဆိုးလေးနဲ့ ခန့်ညားနေလေသည်။အနားကပ်လာတဲ့ ကောင်လေးရဲ့ နဖူးပေါ်ဝဲကျနေသော ဆံသားလေးတွေကို လက်ဖြင့် ဆွဲဖွမည်ကြံလေတော့ ထုံးစံအတိုင်း ခေါင်းရှောင်လေသည်။
"အကြီးခေါင်းကို ကိုင်စရာလား ရိုရိုသေသေဆက်ဆံ"
"ဟုတ်ပါပြီ ခင်ဗျာ အခု ဆိုင်ကယ်ပေါ် တက်လို့ရပါပြီ အစ်ကိုကြီး"
သူရယ်ကျဲကျဲ စနောက်လေတော့ မကျေနပ်သလို မျက်စောင်းခဲ ကြည့်လာလေသည်။
တောင်ကုန်းပေါ်က စေတီလေးသည် လူမရှိသော်လည်း ခြောက်ကပ်နေခြင်းမရှိပဲ ပန်းမန်သစ်ပင်တွေကြားမှာ သပ္ပါယ်နေလေသည်။တောင်ကုန်းသည် တမြို့လုံးကို လှမ်းမြင်ရသည်အထိ မြင့်မားသည်။
ဘုရားရှိခိုး ပန်းနဲ့ရေချမ်းကပ်ပြီးသည်နှင့် ဘုရားအနီးရှိ ခရေပင်အောက်က ခုံတန်းလေးတွင် ထိုင်နေမိသည်။နေပြည်တော်မြို့ကြီးသည် ပိတောက်ပန်းများဖြင့် ဖုံးလွှမ်းကာ တမြို့လုံး နေရာအနှံ့အပြား ဝါထိန်နေလေသည်။
![](https://img.wattpad.com/cover/269633255-288-k876965.jpg)
YOU ARE READING
တသွေမတိမ်း
Storie d'amoreပထမဆုံးသော ကိုယ်ရေးတဲ့ school life fic လေးတပုဒ်ပါ။ ဇာတ်ကောင်နာမည်တွေ တိုက်ဆိုင်ခဲ့သည်ရှိသော် မိမိရှေ့မှ စီနီယာauthor များကို လေးစားစွာဖြင့် crd ပေးပါတယ်ရှင်။ ဤfic သည် ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြင့်သာ တွေးခေါ်ရေးသားခဲ့ခြင်းပါ။တစုံတရာမှ ကူးယူထာ...