တသွေမတိမ်း ep13 (unicode)

82 10 4
                                    

အပိုင်း၁၃...
ကျောင်းတက်ခေါင်းလောင်း ထိုးနေပေမဲ့ ကျောင်းရောက်မလာသေးသော ပြယ်ကြောင့် နေလင်းရောင် ကိုယ့်ကိုကိုယ် အပြစ်ရှိသလို ခံစားနေရသည်။သူဖွင့်မပြောလိုက်ရင် ကောင်းသားဆိုပြီး အထပ်ထပ်အခါခါ တွေးနေမိပြန်သည်။ဖွင့်ပြောရုံတင်မက နဖူးကိုပါ နမ်းလိုက်တာကြောင့် ပြယ်နဲ့မျက်နှာချင်းဆိုင်ဖို့ရာ ခဲယဉ်းနေသည်။ဒါမဲ့ ကျောင်းမလာတော့လဲ စိတ်ထဲမတင်မကျ။ထိုင်ရမလို ထရမလို စိတ်မငြိမ်မသက်ဖြစ်နေသည်။

"ဆရာမ ဝင်ခွင့်ပြုပါ"

ပထမဆုံးစာသင်ချိန်စပြီး မကြာမှီ အခန်းပေါက်ဝမှ အသံကြားသည်ကြောင့် လှည့်ကြည့်မိတော့ ပြယ့်ကိုတွေ့ရသည်။အခုမှ စိတ်သက်သာရာ ရသွားသလို သက်ပြင်းချနိုင်တော့သည်။ဆရာမရဲ့ အခန်းတွင်းဝင်ဖို့ ခွင့်ပြုချက်ရသည်နှင့် ပြယ်က သူ့ဘေးဝင်ထိုင်ကာ စာအုပ်ထုတ်လေသည်။စာသင်ချိန်စနေပြီမို့ စကားတော့ မပြောမိပေ။

"ပြယ် ဘာလို့နောက်ကျနေတာလဲဟင်"

နေ့လည်စာသင်ချိန်နား၍ ထမင်းစားနေသော ပြယ်ရဲ့နားသို့ကပ်ကာ ခပ်တိုးတိုးမေးလိုက်သည်။ပြယ်က ထမင်းစားနေတာကိုရပ်၍ ပြန်စကားပြောသည်။

" အိပ်ရာထနောက်ကျလို့ "

ခပ်ပြတ်ပြတ်သာ ပြန်ပြောသည်။ဒါမဲ့ ဒေါသသံတော့မပါပေ။ဘာမှဆက်ပြောစရာမရှိအောင် နေလင်းရောင်တို့ ထမင်းဝိုင်းသည် တိတ်ဆိတ်နေသည်။မော်ကြီးကလဲ ပိတ်ရက်တုန်းက ရေကူးတာကြာသွားတာရော သောက်တာပါ များသွားသောကြောင့် နေမကောင်းဘူးဟူ၍ သူ့ညီမ ရိပ်ကို ခွင့်တိုင်ခိုင်းပြီး ကျောင်းမလာပါ။ထို့ကြောင့် မော်ကြီးပါမရှိသောကြောင့် နှစ်ယောက်တည်း တိတ်ဆိတ်နေခဲ့သည်။

"ငါ...ငါ့ကို စိတ်မဆိုးဘူးမလား ပြယ်"

" မင်းမူးနေလို့မလား"

ပြယ်ပြောလိုက်သော စကားသည် နေလင်းရောင်ကိုအံ့သြစေသည်။သူက အမှန်တကယ်ပြောပေမဲ့ မူးနေသည်ဟု ပြယ်ဘာကြောင့်ထင်သလဲ။ပြယ့်ကို အိမ်တန်းတန်းမတ်မတ်ရောက်အောင် ဆိုင်ကယ်မောင်းပို့ခဲ့သည့် သူဟာ မူးနေတာမဟုတ်မှန်း ပြယ်သိပြီးသားဖြစ်မည်။

တသွေမတိမ်း Where stories live. Discover now