တသွေမတိမ်း ep5(unicode)

137 15 2
                                    

အပိုင်း၅....
             သောက ကိုယ့်ဘာသာကို ဘာဖြစ်နေလဲ သေသေချာချာမသိတော့ပါ။သေချာတာကတော့ သူငယ်ချင်းလဲမရှိ၍ ph လေးသည် လက်ထဲတွင် ကိုင်ထားသော်လည်း မသုံးဖြစ်သည်မှာ အတော်ကြာလေပြီ။မိဘတွေကလဲ သူတို့အလုပ်ကိုယ်စီနဲ့ဆိုတော့ ဖုန်းဆက်ဖို့ရန် သူ့ကို သတိတောင်ရမည် မဟုတ်ပါ။ညက ၉နာရီအချိန်မှ ကျော်လွန်ခဲ့ပြီ။ဖုန်းဆက်မယ်ဟုပြောပြီး မေ့သွားလေသလား။သူဖုန်းဆက်မယ်ဆိုလို့ အခန်းထဲမှ ရေကုန်သွားတာတောင် အောက်ထပ်ဆင်း၍တောင် မယူပါ။ဖုန်းအနားမှာပင် ထိုင်စောင့်နေမိသည်။

        " Ring Ring..." နှစ်အတော်ကြာ ဆက်မည့်သူမရှိသော ဖုန်းလေး၏ ringtone သံကိုပင် မေ့တေ့တေ့ ဖြစ်နေပြီ ဖြစ်တယ်။ အမည်မသိ unknown number ဖြင့်ဖုန်းဝင်လာသော ဖုန်းလေးကို အလျှန်အမြန်ပင် ကောက်ကိုင်လိုက်သည်။

"ဟယ်လို..."အသံတွေတောင် တုန်ချင်သလိုဖြစ်နေသည်။ဒါ သောက ဘဝမှာပထမဆုံး သူစိမ်းနဲ့ဖုန်းပြောဖူးခြင်းပင် ဖြစ်သည်။

       "ဟယ်လို ပြယ်လား ငါပါ ကိုနေ" ရင်ထဲအပျော်သည် အပြင်သို့ပင် ဟန်မဆောင်နိုင် ထွက်ပေါ်လာခြင်းသည် နှုတ်ခမ်းပေါ်က အပြုံးများဖြင့် သက်သေပြသည်။

          " omm ကိုနေ မင်းဘာလုပ်နေလဲ"သောကဘက်ကအမေးစကား ပထမဆုံးမေးလိုက်ခြင်းဖြစ််တယ်။

         "ဟမ် ငါလား ငါဂိမ်းဆော့နေတာခုနက"သူက မမေးစဖူးမေးလိုက်၍ ထင်တယ်။အနည်းငယ်ကြောင်သွားကာ ပြန်တော့ဖြေသည်။

        "ကိုနေ မင်း ဆယ်တန်းနော် ဂိမ်းမစွဲစေနဲ့" သောကသည် လူတိုင်းအပေါ်ရာလုပ်တတ်သည် မဟုတ်ပါ။ဒါမဲ့ ကိုနေကိုတော့ ချွင်းချက်ဖြစ်သည်။ပြောချင်တာပြောပြီးမှ သိပ်မရင်းနှီးသောကြောင့် ကိုနေ စိတ်ထဲခုသွားမလား။

       "ပြယ်ကလဲ ငါက တခါတလေမှ ဆော့တာပါကွ ဆယ်တန်းမပြီးမချင်း နောက်မဆော့တော့ဘူး"အထင်အမြင်လွှဲမှားစွာဖြစ်နေ၍ သောက အံ့သြသွားသည်။ဘယ်သူမဆို မရင်းနှီးသေးလျှင် ကိုယ့်ကိုဆရာလာလုပ်တာမကြိုက်။ဒါမဲ့ ကိုနေကတော့ အဲ့လိုမဟုတ်ပေ။ကျေနပ်သွားသလိုလဲ ခံစားရသည်။

တသွေမတိမ်း Where stories live. Discover now