တသွေမတိမ်း ep2 (unicode)

285 23 9
                                    

အပိုင်း၂......
သောက သည် တစ်ခုကိုအာရုံစူးစိုက်နေလျှင် နောက်တစ်ခု အာရုံစိုက်ဖို့မလွယ်ကူပေ။ ယခုလည်း ဘုရားရှိခိုးနေသည်ကို အာရုံစိုက်ထားသောကြောင့် ဘေးနားတွင် လူရောက်လာတာကိုပင် မသိလိုက်။

ဘေးကိုလှည့်ကြည့်လိုက်မိသည့်နောက် "ငါ့နာမည်ကနေလင်းရောင်နော် မင်းဘေးမှာထိုင်မယ် ရတယ်မလား"ဆိုပြီး ချိုမြသောအပြုံး ပြတ်သား၍သြရှရှအသံဖြင့် သောက ဘက်သို့မျက်နှာချင်းဆိုင်ကာ ပြောတယ်။

"ရပါတယ် ငါ့နာမည်က သောကပြယ်ပါ" ချက်ချင်းပင်ပြန်နှုတ်ဆက်လိုက်ပါတယ်။သောကသည် အနေအေးရုံသာရှိသည်။စကားပြောရဆိုရခက်သော သူတစ်ပါးလျစ်လျူရှုထားတတ်သော လူမျိုးမဟုတ်ပါ။

"ဘာရယ် သောက ဘာကြီး" ထင်ထားသည့်အတိုင်း နာမည်ကိုပြန်မေးပါတယ်။ နေလင်းရောင်ဆိုသူ၏မျက်နှာသည် မျက်မှောင်ကြုတ်၍အနည်းငယ် စိတ်ရှုပ်ထွေးသွားပုံပေါ်တယ်။ဒါမဲ့ ခနတာပင်ဖြစ်တယ်။ဗွေမယူလိုပါ။အမြဲလိုလို ဖြစ်နေကြ ကိစ္စတစ်ခုပင်ဖြစ်တာကိုး။

"သော က ပြယ် ပစောက်ယက်ရင်း ယပလက်သတ် ပြယ် အဲ့လို နားလည်လား " တစ်လုံးချင်းစီနာမည်ကို ခွဲပြောလိုက်တယ်။ထိုသူသည် သို့မှသာ မျက်စံအညိုရောင်ဖျော့ဖျော့ရှိသော မျက်လုံးကို မှိတ်သွားသည်အထိပြုံးပြကာ ခေါင်းညိမ့်ပြတယ်။

" ကဲ ကလေးတို့ရေ ဆရာမနာမည်က ဒေါ်မျိုးမြင့် ပါ သားတို့အခန်းရဲ့အတန်းပိုင်ပါ ဒီကျောင်းကိုပြောင်းလာတဲ့ ကျောင်းသားသစ်တွေလဲရှိလိမ့်မယ် ဒါကြောင့် ကျောင်းသားသစ်တွေရော အဟောင်းတွေပါ နာမည်သိအောင် ဆရာမ နာမည်တွေခေါ်မယ် ပြန်ထူးရမယ်နော်" ဆရာမကသူ့နာမည်သူ မိတ်ဆက်ကာ ကျောင်းသားတွေရဲ့နာမည်ကို ဆက်တိုက်ခေါ်ကြားတယ်။ သောက စိတ်ညစ်သည့်အချက်တွင် ဒီအချက်သည်ပထမပင်ဖြစ်တယ်။

"မောင်သောကပြယ် သောကပြယ်ရေ" ဆရာမ ခေါ်နေတာကိုအတွေးလွန်နေ၍ မကြားပေ။ဘေးမှလက်ဖြင့်လာတို့သောကြောင့်

" ပြယ် မင်းကိုဆရာမခေါ်နေတယ်" ကြောင်မိသွားတယ်။ ပြယ် လို့ခေါ်လိုက်သည်မလား။ သို့သော်အသိကပ်ကာ

"ရှိပါတယ် ဆရာမ"လှမ်းထူးလိုက်တယ်။ဘေးနားကလူကိုနာမည်ခေါ်တဲ့ အကြောင်းပြန်မေးဖို့ပြင်စဉ် တစ်တန်းလုံးက သူ့ကိုကြည့်နေကြတယ်။ နာမည်ဆန်းတာကြောင့်လား ဆရာမကိုပြန်ထူးတာ နှောင့်နှေးနေတာကြောင့်လား မသိပေ။ထို့ကြောင့် မမေးတော့ပဲရှေ့သို့သာလှည့်၍ ဆရာမ နာမည်ဆက်ခေါ်တာကိုသာ ကြည့်နေမိတော့တယ်။
........................................
ဆရာမနာမည်ခေါ်တာကို မကြားတာလားဘာလားမသိတဲ့ ဘေးက ပိတုန်းကောင်ကို လှမ်းတို့ကာ

" ပြယ် မင်းကိုဆရာမခေါ်နေတယ်" ဟိုက် သေပြီ။ ပါးစပ်ကဘယ်လိုခေါ်မိသွားတာလဲ။ခုန နာမည်ပြောတုန်းက ကိုယ့်ဘာသာကို ဘယ်လိုခေါ်ရမလဲစဉ်းစားရင်း"ပြယ်" လို့ခေါ်ရင်ကောင်းမယ်ဟု တွေးမိတာကိုအပြင်မှာ ထုတ်ခေါ်မိသွားတယ်။ သေဟေ့သေသေ နေလင်းရောင်ရဲ့။

" အဟမ်း ခုနက ပြယ်လို့ခေါ်တာ မကြိုက်ဘူးလား ငါက ရင်းနှီးချင်လို့ နာမည်အပြည့်မခေါ်တာပါ" နေ့လည်နားချိန်မှာ မျက်နာချိုလေးသွေးကာ ပြန်မေးရသေးတယ်။မကြိုက်ဘူးဆိုပြီး တန်းပြောရင်တော့အရှက်ကွဲပြီပဲ။

"မဟုတ်ပါဘူး ဘယ်သူမှမခေါ်ကြလို့ပါ မင်းခေါ်ချင်ရင်ခေါ်လို့ရတယ်"

"အဟိ ဒါဆိုခေါ်မယ် ငါ့ကိုရင်းနှီးချင်ရင် ကိုနေလို့ခေါ်လို့ရတယ် ငါ့သူငယ်ချင်းတွေလည်း အဲ့လိုခေါ်တာ။ငါကအခုကျောင်းသားသစ်ဆိုတော့ သူငယ်ချင်းမရှိဘူး" စကားတွေများကြီးပြောပြီးမှ မခေါ်ချင်ဘူးလို့ ပြောရင်ဘယ်လိုလုပ်မလဲ။နေလင်းရောင်သည် အဲ့လိုအရှက်ကွဲမှာကို အရမ်းကြောက်သူဖြစ်တယ်။

" omm ကိုနေ ငါလဲကျောင်းသားသစ်ပဲ"ပြန်ဖြေလို့တော်ပါသေးရဲ့။

"ငါတို့ကသူငယ်ချင်းနော် ပြယ် ဟုတ်တယ်မလား "
သူ "ပြယ်"နဲ့သူငယ်ချင်းတကယ်ကိုဖြစ်ချင်ပါတယ်။

" ဟုတ်တာပေါ့ ကိုနေ" ပြုံးပြီးပြန်ဖြေသော ထိုလူသားသည် မျက်လုံးထဲတွင် နှစ်လိုဖွယ်ကောင်းနေတာကတော့ သေချာပါတယ်။
........................................
သောကဘဝမှာ ဒီလိုလာနှုတ်ဆက်၍ သူငယ်ချင်းဖြစ်ချင်သူ မရှိခဲ့ပေ။သူရဲ့ခပ်တည်တည်မျက်နှာထားကြောင့် ဖြစ်လိမ့်မည်။ဒါမှမဟုတ်အနေအေး၍လား ဆိုတာကတော့ သူတို့စိတ်တွေထဲ ဝင်ကြည့်မှပင်သိလိမ့်မည်။သောက နေလင်းရောင်ကို သူငယ်ချင်းတကယ်ဖြစ်ချင်ပါတယ်
........................................
ပထမဆုံးသော ရင်းနှီးသူသည် အထီးကျန်မှုတွေကို ပယ်ဖျက်ကောင်းနိုင်ပါရဲ့။
Mhaing Yate Nge

တသွေမတိမ်း Where stories live. Discover now