တသွေမတိမ်း ep19(zawgyi)

30 3 4
                                    

အပိုင်း၁၉...
               ဆယ်တန်းစာမေးပွဲကြီး ဖြေပြီး နှစ်ရက်လောက်နေတော့ နေလင်းရောင်သည် ပြယ်နဲ့လျှောက်လည်ဖို့ အစွမ်းကုန်ပြင်ဆင်ထားသည်။သို့သော် ထိုအစီအစဉ်သည် အဖွဲ့ထဲမှ တစ်ဦးတည်းသော မိန်းကလေးဖြစ်သူ ရိပ်ကြောင့် ပျက်စီးသွားရသည်။ပြောစရာ ရှိသည်ဆိုကာ သူ့အိမ်တွင် လာစုနေကြသည်။

        "ကဲ..ပြော မြန်မြန်ပြော"
သူ စိတ်မရှည်သလိုပြောတော့ ရိပ်က မျက်စောင်းခဲကြည့်သည်။

       "သင်္ကြန်လည်ဖို့ အစီအစဉ်လေးတွေ ပြောမို့လေ နင့်မျက်နှာကြီးက ရှုံ့တွနေတာ မြင်မကောင်းဘူး ကိုနေ"

        "ဟာ...သင်္ကြန်ရောက်ဖို့ အဝေးကြီးလိုသေးတာကို ဘာလို့ခုချိန်ခေါ်ရတာလဲ ရိပ်ရာ"
သူပြောတော့ ပြယ်က ရောယောင်ကာ ခေါင်းငြိမ့်သည်။မော်ကြီးက မုန့်စားနေ၍ ခုမှအခြေအနေကို လေ့လာသည့်ဟန် မော့ကြည့်လာသည်။

        "ဟဲ့ ငါနဲ့မော်ကြီးက သင်္ကြန်မတိုင်ခင်အထိ အမျိုးတွေရှိတဲ့ ပုဂံမှာ သွားနေမှာ။ဖုန်းထဲမှာ မပြောချင်လို့ ခုကြိုပြောတာပေါ့"

       "အေးအေး ပြောပြော"
သူကနားအေးပြီးရော ပြောခိုင်းလိုက်တော့ စာမေးပွဲပြီးတာဖြင့် မကြာသေးဘူး။ဘယ်ချိန်ထဲက လုပ်ထားလဲမသိသော စာရွက်တစ်ရွက်ထုတ်ပြလာသည်။ထို့နောက် ထိုစာရွက်ကြီးကို လက်ထောက်ကာ ပြောလေသည်။

        "အကြိုနေ့မတိုင်ခင် ကိုနေရဲ့အိမ်ရှေ့မှာ အုန်းလက်မဏ္ဍပ် ဆောက်မယ်"

        "နေအုံး ဘာလို့ ငါ့အိမ်ရှေ့လဲ"
ရိပ်ပြောနေတာကို သူကြားဖြတ်တားလိုက်မိသည်။အမြဲ သူ့အိမ်ပဲ လုပ်နေတာ မတရားလိုက်တာ။

       "ဟဲ့ ငါတို့ရပ်ကွက်က ရေပက်ဖို့လူမပြောနဲ့ ခွေးတောင် တစ်ကောင်တလေမတွေ့ရဘူး။ပြီးတော့ သောကရဲ့အိမ် တူတူရေဆော့မို့ ကလေးတွေဘာတွေနဲ့လဲ မရင်းနှီးဘူး။နင့်ရပ်ကွက်ကျတော့ ကောင်းတယ်လေ။ လူအသွားအလာလဲများတယ်။ ရေဆော့ဖို့ကလေးတွေလဲ များတော့ တူတူဆော့ကြတာ ပိုပျော်ဖို့မကောင်းဘူးလား"

ရိပ်ပြောတာလဲ အဆင်ပြေတာကြောင့် ခေါင်းငြိမ့်ပြ၍ လက်ခံလိုက်သည်။ရှေ့မှ ရေခွက်ကို မမှီမကမ်းလှမ်းယူနေသော ပြယ့်ကို အနားထိ ရေခွက်တိုးပေးတော့ သူ့ကိုပြုံး၍ လှည့်ကြည့်သည်။

တသွေမတိမ်း Where stories live. Discover now