အပိုင်း၁၀...
"ပြယ် ငါ မင်းအိမ်ရှေ့ရောက်နေပြီ " မနေ့က ဘုရားကားလှည့်တာကြည့်၍ ညနက်သွားတာကြောင့် ပွဲဈေးမသွားခဲ့ရပါ။ဒီနေ့ ပွဲဈေးသွားမည်ဖြစ်၍ ပြယ့်ကိုလာခေါ်တာ ရောက်နေမည်ဖြစ်ကြောင်း စာလှမ်းပို့လိုက်သည်။"ကိုနေ " လှမ်းခေါ်သည့် ပြယ့်အသံကြောင့် လှည့်ကြည့်လိုက်မိသည်။အပြာနုနု T-shirt ကို ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့လေး ဝတ်ဆင်ထားသည်။အသားဖြူသော ပြယ်က ဒီလိုအရောင်လေးတွေနဲ့ သိပ်ကိုလိုက်ဖက်သည်။ဒီတိုင်းဆို ပွဲဈေးက လူတွေလိုက်ကြည့်ကြတော့မှာ။ခေါ်မသွားချင်တော့ဘူး။
"ရော်...ကိုနေ ငုတ်တုပ်ကြီးအိပ်ငိုက်နေလားကွာ ငါခေါ်နေတာကို"
"ဟာ...မဟုတ်ပါဘူး အတွေးလွန်သွားတာ"
"အေး ဆိုင်ကယ်စီးရင်းတော့ အတွေးမလွန်နဲ့ ငါမသေချင်သေးဘူး"
"မင်းကလဲကွာ မလွန်ပါဘူး" နေလင်းရောင် ရယ်ကျဲကျဲသာ ပြောလိုက်တော့သည်။
"ဒါနဲ့ ပြယ် အန်တီရော မတွေ့ပါလား"
"အမေလား ဒီနေ့ အစည်းအဝေးရှိလို့ နောက်ကျမယ်တဲ့ သွားမယ် မြန်မြန် မိုးချုပ်လိမ့်မယ်" ပြယ်ပြောတာနဲ့ပဲ ဘုရားပွဲဈေးတို့သာ ချီတက်လိုက်ရတော့သည်။
ပွဲဈေးမှ သတ်မှတ်ထားသော ဆိုင်ကယ်ရပ်သည့် နေရာတွင် ဆိုင်ကယ်အပ်နှံလိုက်သည်။ ဟိုကြည့်ဒီကြည့်ဖြစ်နေသော ပြယ့်ကိုလဲ လူတွေနဲ့ပျောက်သွားမှာစိုး၍ လှည့်ကြည့်ရသေးသည်။
"ပြယ် မင်း ငါနဲ့ အခုလို ညနေတွေအပြင်သွားတော့ ကျူရှင်တွေ ဘယ်လိုလုပ်ပစ်လဲ "
"သီတင်းကျွတ်ပိတ်ရက်ဆိုတော့ ညနေတွေ အခုလိုလျှောက်သွားချင်လို့ အမေ့ကိုပြောပြီး မနက်ပိုင်းတွေ ပြောင်းပစ်လိုက်တယ်"
"အဲ့လဲ့ မိဘစကား တသွေမတိမ်းနားထောင်သူကြီးက ခုတော့ ဒီလိုတောင်လုပ်နေပြီပေါ့ ဘာလို့လဲ ငါ့ကြောင့်လား" နေလင်းရောင် ရယ်ကျဲကျဲလုပ်ပြီး နှစ်ယောက်ယှဉ်သွားနေရင်းမှ ပြယ်ရဲ့ပုခုံးကို အသာအယာတိုက်၍ စလိုက်သည်။
![](https://img.wattpad.com/cover/269633255-288-k876965.jpg)
YOU ARE READING
တသွေမတိမ်း
Romanceပထမဆုံးသော ကိုယ်ရေးတဲ့ school life fic လေးတပုဒ်ပါ။ ဇာတ်ကောင်နာမည်တွေ တိုက်ဆိုင်ခဲ့သည်ရှိသော် မိမိရှေ့မှ စီနီယာauthor များကို လေးစားစွာဖြင့် crd ပေးပါတယ်ရှင်။ ဤfic သည် ကိုယ့်ရဲ့ကိုယ်ပိုင်စိတ်ကူးဖြင့်သာ တွေးခေါ်ရေးသားခဲ့ခြင်းပါ။တစုံတရာမှ ကူးယူထာ...